နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိ

        နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ မတ်လ ၇ ရက်အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပြီး ယင်းသို့ လျှောက်ထားသည့်အဖွဲ့များအနက် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က မတ်လ ၇ ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုခဲ့ပါသည်။

ပါတီတည်ထောင်ခွင့်ရရှိသော ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီသည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်ပါသည်။ မတ်လ ၇ ရက်အထိ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၂ ပါတီရှိကြောင်း တည်ထောင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၄)

 

  • မတ်လ ၇ ရက်အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်အဖွဲ့ ၁၅ ဖွဲ့ ရှိပြီး ကော်မရှင်က တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၂ ပါတီရှိ၊ တည်ထောင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိ။

Add new comment