နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

        နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်လျက်ရှိရာ-

  • မတ်လ ၆ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုပေးအပ်သည့် ငွေကျပ် ၇၀,၀၀၀,၀၀၀နှင့် ငွေကျပ် ၃၀,၀၀၀,၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများအားလည်းကောင်း။
  • မတ်လ ၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စေတနာရှင်ပြည်သူများက ငွေကျပ် ၁၇,၆၁၀,၀၀၀ ကျပ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ဘုတ်ပြင်းခရိုင်မှ စေတနာရှင်ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေ ၂၀၀,၀၀၀ ကျပ်နှင့် ငွေကျပ် ၁,၉၃၄,၅၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကော့သောင်းခရိုင်မှ စေတနာရှင်ပြည်သူများက ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၃,၀၀၀,၀၀၀ ကျပ်နှင့် ငွေကျပ် ၈,၃၉၄,၅၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၄)

 

  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော နိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင်ပြည်သူများက ဂုဏ်ပြုပေးအပ်သည့် ငွေကျပ်  ၇၀,၅၀၀, ၀၀၀ နှင့် ငွေကျပ်  ၅၇,၉၃၉,၀၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ပေးအပ်လှူဒါန်းခဲ့။

Add new comment