(၁၆) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းကွန်ရက်အစည်းအဝေးကျင်းပ

        (၁၆) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းကွန်ရက်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ၍ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် ပူးပေါင်းပြီး မတ်လ ၇ ရက်တွင် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းကွန်ရက်၏ ယခင်ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် အောင်မြင်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုကွန်ရက်အစီရင်ခံစာ အချက်အလက်ပြုစုမှုစနစ်နှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုများအား ထိန်းချုပ်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံမူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှုကွန်ရက်၏လုပ်ငန်းစီမံချက်(၂၀၂၄ - ၂၀၂၅)နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းကွန်ရက်ကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းကွန်ရက်အစည်းအဝေးများကို ကျင်းပရခြင်းသည် အာဆီယံနိုင်ငံများ၏ မူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းအစီရင်ခံစာတွင် ထည့်သွင်းထားသည့် အချက်အလက်များကို ပြန်လည်စိစစ်ရန်၊ online စနစ်အသုံးပြုပြီး အချက်အလက်များ ဖြည့်သွင်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးဖြေရှင်းရန်၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် မိမိတို့၏ သတင်းအချက်အလက်များ မျှဝေဖလှယ်နိုင်ကြရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၄)

 

  • (၁၆) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းကွန်ရက်အစည်းအဝေးအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုများအား ထိန်းချုပ်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံမူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှုကွန်ရက်၏လုပ်ငန်းစီမံချက် (၂၀၂၄ - ၂၀၂၅)နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment