တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူ အားလုံးကို ဖမ်းဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါကျေးရွာအတွင်း အကြမ်းဖက်သမားက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Shwe Phee Myay News Agency မှ တင်ထားသော စစ်မှုထမ်းရန်အတွက် အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်များမှ ရပ်ကွက်တစ်ခုလျှင် လူ ၂၀ နှုန်းတောင်းခံနေဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် စစ်မှုထမ်းခိုင်းရန်အတွက် မည်သည့်မြို့ရွာများတွင်မဆို နေထိုင်သည့် ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းအတု၊ သတင်းအမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်များပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၄)

 

  • စစ်မှုထမ်းရန်အတွက် အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်များမှ ရပ်ကွက်တစ်ခုလျှင် လူ ၂၀ နှုန်း တောင်းခံနေဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် စစ်မှုထမ်းခိုင်းရန်အတွက် မည်သည့်မြို့ရွာများတွင်မဆို နေထိုင်သည့် ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းမရှိ။

 

Add new comment