နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၈ ရက်အထိ ငါးလကျော်ကာလ အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၆၃၁,၆၂၁ ဒသမ ၄၃၄ တန်နှင့် နယ်စပ်ကုန်သွယ်မှုမှ ၁၁၉,၂၄၃ ဒသမ ၃၂၇ တန်၊ စုစုပေါင်း ၇၅၀,၈၆၄ ဒသမ ၇၆၁ တန် တင်ပို့နိုင်ခဲ့။
-
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ငါးလတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၁,၀၀၇ ဒသမ ၃၁ တန်၊ နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၁၅၀၊ စုစုပေါင်း ပျားရည် မက်ထရစ်တန် ၁,၁၅၇ ဒသမ ၃၁ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃၆ သန်းရရှိခဲ့။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှတင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၃)
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၈ ရက်အထိ ငါးလကျော်ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ ၇၅၀,၈၆၄ ဒသမ ၇၆၁ တန် တင်ပို့နိုင်ခဲ့။
-
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ငါးလတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် ပျားရည်မက်ထရစ်တန် ၁,၁၅၇ ဒသမ ၃၁ တန် တင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃၆ သန်းရရှိခဲ့။
Add new comment