နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းသည် ခရီးသည်တင်လေယာဉ် ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက်ရှိရာမှ ပထမဦးဆုံး လေကြောင်း ကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်အဖြစ် Boeing 737-400 အမျိုးအစားကုန်တင်လေယာဉ်ဖြင့် စက်တင်ဘာလ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စတင်ပျံသန်းပြေးဆွဲခဲ့ပါသည်။
အဆိုပါ Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၅ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကုန်တန်ချိန်အားဖြင့် ၁၈ တန် အထိ သယ်ဆောင်နိုင်ကြောင်း၊ ပထမဦးဆုံးပျံသန်းသည့် ကုန်တင်လေယာဉ် ခရီးစဉ် တွင် ကုန်စည်စုစုပေါင်း ၁၅ ဒသမ ၉ တန် သယ်ယူပို့ဆောင်ခဲ့ကြောင်းနှင့် မြန်မာ အမျိုးသားလေကြောင်းအနေဖြင့် ကုန်တင်လေယာဉ်ခရီးစဉ်များကို ဒေသတွင်းနိုင်ငံ များဖြစ်ကြသည့် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့လည်း ထပ်မံ တိုးချဲ့ ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၃)
- နိုင်ငံတော်ပိုင်မြန်မာအမျိုးသားလေကြောင်းမှ ပထမဦးဆုံး လေကြောင်းကုန်စည်ပို့ ဆောင်ရေး (Cargo Flight) ခရီးစဉ်အဖြစ် Boeing 737-400 အမျိုးအစားကုန်တင် လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စတင်ပျံသန်းပြေးဆွဲခဲ့။
- အဆိုပါ Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၅ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကုန်တန်ချိန်အားဖြင့် ၁၈ တန် အထိ သယ်ဆောင်နိုင်။
Add new comment