ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီသည် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ခရီးလာရောက်သည့် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် အစိုးရအဖွဲ့ ဒုတိယဝန်ကြီးနှင့် ဟူနန်ပြည်နယ်ရဲတပ်ဖွဲ့မှူး Mr.Wang Yi Ou ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာလ ၁၉ ရက်တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား နယ်စပ်ဒေသလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ဆိုက်ဘာမှုခင်းနှင့် ဆက်သွယ်ရေးအသုံးပြု လိမ်ညာမှုများ တိုက်ဖျက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ ရဲဗိုလ်ချုပ် အောင်အောင်နှင့် အဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၃)
- ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီသည် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယ ဝန်ကြီးနှင့် ဟူနန်ပြည်နယ်ရဲတပ်ဖွဲ့မှူးအား လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ အကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် ဆွေးနွေးခဲ့။
Add new comment