စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စက်တင်ဘာလ ၁၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုး ရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့ ပူးပေါင်းကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံ-တရုတ် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဖွင့် အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံနိုင်ငံများ၏ အရေးကြီးသော ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက်လည်း အရေးပါသည့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သည့်အပြင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအရ ဒေသတွင်းစားနပ်ရိက္ခာတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်စေ မည့်လုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် လို အပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန (MARA)ဝန်ကြီး H.E. Mr. Tang Renjian နှင့် နှစ်နိုင်ငံ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင် နှစ်နိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင် ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ မျိုးစေ့နှင့် ဗီဇအရင်းအမြစ်များ အပြန်အလှန် ဖလှယ်နိုင်ရေး၊ စိုက်ပျိုးရေးသိပ္ပံဆိုင်ရာ သုတေသနစီမံကိန်းများ ပူးတွဲအကောင် အထည်ဖော် ဆောင်ရွက်ရေး၊ အပူပိုင်းဒေသသီးနှံဆိုင်ရာ စံပြစိုက်ခင်းများ ထူထောင် ရေးတို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည်-
- စက်တင်ဘာလ ၁၇ ရက်တွင် နန်နင်းမြို့ရှိ Royal Group နို့နှင့် နို့ထွက်ပစ္စည်း ကုမ္ပဏီ၏ နို့နှင့် နို့ထွက်ပစ္စည်း သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု၊ ဈေးကွက်တင်ပို့မှုလုပ်ငန်းများ၊ ကွမ်ရှီးကျွမ့်စိုက်ပျိုးရေး သုတေသနအကယ်ဒမီ၌ သုတေသနအကယ်ဒမီဌာနခွဲ ၁၈ ခုမှ သီးနှံအမျိုးမျိုးကို သုတေသနပြုလုပ်နေမှု အခြေအနေနှင့် ဒေသတွင်း လယ်ယာကဏ္ဍသုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို လေ့လာကြည့်ရှုခဲ့။
- စက်တင်ဘာလ ၁၈ ရက်တွင် ကူမင်းမြို့အနီး၌ Shaighai Pengxin Group ၏ ၁၃၇ ဧကရှိ နို့စားနွားမွေးမြူရေးခြံတွင် နို့စားနွားကောင်ရေ ၁၀,၀၀၀ မွေးမြူ ထားရှိမှု၊ အစာကျွေးစနစ်များနှင့် နို့ညှစ်လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာ ကြည့်ရှုပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ နွားမွေးမြူရေးလုပ်ငန်း လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက်ရရှိရေး၊ မြေယာအသုံးပြုခွင့်ရရှိရေးအပါအဝင် လိုအပ်ချက်များကို တည်ဆဲ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ ကို ဆွေးနွေးပြောကြားခဲ့။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နန်နင်းမြို့၌ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီများကိုတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နည်းလမ်းများနှင့် နှစ်ဖက်အကျိုးရှိစေမည့် ဦးစားပေးဆောင် ရွက်သင့်သည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် အာဆီယံ-တရုတ် စိုက်ပျိုးရေးပူး ပေါင်း ဆောင်ရွက်မှုဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့။
- နန်နင်းမြို့၌ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီများကိုတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နည်းလမ်းများနှင့် နှစ်ဖက်အကျိုးရှိစေမည့် ဦးစားပေးဆောင် ရွက်သင့်သည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့။
Add new comment