ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသော ဆောက်လုပ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးသို့ စက်တင်ဘာလ ၁၅ ရက်မှ ၁၆ ရက်အထိ တက်ရောက်ခဲ့ပါသည်။
စက်တင်ဘာလ ၁၇ ရက်တွင် နန်နင်းမြို့မှ Tengxian (ထန်ရှင့်) မြို့သို့ သွား ရောက်၍ Pingecen Expressway (ဖင်းချန်အမြန်လမ်းမကြီး) ပေါ်ရှိ Long Span Cable-stayed နှင့် Suspension System ပေါင်းစပ်တည်ဆောက် နေသည့် Tendzhou Xunjiang (ထန်ဂျို့ရွှင်ကျန့်) တံတားတည်ဆောက်ရေးလုပ်ငန်းခွင်နှင့် အဆိုပါတံတား လုပ်ငန်းခွင်နှင့် ဆက်စပ်ဖောက်လုပ်နေသော Tengzhou Tunnel (ထန်ဂျို့ကား လမ်းဥမင်)တည်ဆောက်နေသည့်နေရာအား လေ့လာခဲ့ပြီး စက်တင်ဘာလ ၁၈ ရက် တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၉-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် Tengxian (ထန်ရှင့်) မြို့ရှိ Tendzhou Xunjiang (ထန်ဂျို့ရွှင်ကျန့်) တံတားတည်ဆောက်ရေးလုပ်ငန်းခွင်နှင့် အဆိုပါ တံတားလုပ်ငန်းခွင်နှင့် ဆက်စပ်ဖောက်လုပ်နေသော Tengzhou Tunnel (ထန်ဂျို့ ကားလမ်းဥမင်)တည်ဆောက်နေသည့်နေရာအား လေ့လာခဲ့။
Add new comment