(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးထိပ်သီးဖိုရမ်ကို စက်တင်ဘာလ ၁၈ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ခေါင်းဆောင် သည့်အဖွဲ့ တက်ရောက်ခဲ့ပြီး အာဆီယံဗဟိုဘဏ်အကြီးအကဲများက မိန့်ခွန်း ပြောကြား ခဲ့ကြပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားရာတွင်-
- အာရှပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative) မှတစ်ဆင့် မြန်မာ နိုင်ငံ၏ စီးပွားရေးဆိုင်ရာချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အထောက်အပံ့များရရှိနိုင်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ စီမံကိန်းများအတွက် အခြေခံအဆောက်အဦ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချိတ်ဆက်မှုများနှင့် စပ်လျဉ်း၍ အခွင့်အလမ်းကောင်းများအား အရှိန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း။
- ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ချဲ့ထွင်ခြင်းနှင့် နယ်စပ် ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့သည် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် ငွေရေးကြေးရေးတွင် အားလုံးပါဝင်လာနိုင်မှု စသည်တို့အပေါ် အထောက်အကူဖြစ်စေပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါဖိုရမ်သို့ ကွမ်ရှီးပြည်နယ်အစိုးရအကြီးအကဲ မစ္စတာလျူနင်း (Mr Liu Ning) ခေါင်းဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာဒုတိယအကြီးအကဲ၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘော ဒီးယားနိုင်ငံတို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ICBC ၊ BOC ၊ ABC ၊ CCB ၊ CDB ၊ ADB ၊ EXIM Bank of China ဘဏ်များမှ အကြီးအကဲများ၊ China Insurance Corporation မှ အကြီးအကဲများ၊ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ရှန်ဇင်း Stock Exchange မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၉-၂၀၂၃)
- အာရှပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative) မှတစ်ဆင့် မြန်မာ နိုင်ငံ၏ စီးပွားရေးဆိုင်ရာချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အထောက်အပံ့များရရှိနိုင်။
Add new comment