စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စက်တင်ဘာလ ၁၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုး ရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့ ပူးပေါင်းကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံ-တရုတ် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဖွင့် အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံနိုင်ငံများ၏ အရေးကြီးသော ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက်လည်း အရေးပါသည့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သည့်အပြင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအရ ဒေသတွင်းစားနပ်ရိက္ခာတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်စေ မည့်လုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် လို အပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန (MARA)ဝန်ကြီး H.E. Mr. Tang Renjian နှင့် နှစ်နိုင်ငံ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင် နှစ်နိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင် ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ မျိုးစေ့နှင့် ဗီဇအရင်းအမြစ်များ အပြန်အလှန် ဖလှယ်နိုင်ရေး၊ စိုက်ပျိုးရေးသိပ္ပံဆိုင်ရာ သုတေသနစီမံကိန်းများ ပူးတွဲအကောင် အထည်ဖော် ဆောင်ရွက်ရေး၊ အပူပိုင်းဒေသသီးနှံဆိုင်ရာ စံပြစိုက်ခင်းများ ထူထောင် ရေးတို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၉-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးသည် (၇) ကြိမ်မြောက် အာဆီယံ-တရုတ် စိုက်ပျိုးရေးပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန(MARA) ဝန်ကြီး နှင့် နှစ်နိုင်ငံ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့။
Add new comment