စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင် ပါဝင်သည့်နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်း ရှင်းရေးဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံသို့ တက်ရောက်ခဲ့ပါသည်။
ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးက Pro-moting Agricultural commodities Trade thro-ugh Harmonization and Tightening of Food Safety standards among BRI Countries ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားရာတွင် ခေတ်သစ်ပိုး လမ်းမကြီး ဖော်ဆောင်မှုတွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုများ တွင် နည်းပညာအသစ်များအသုံးပြုခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ ရိုးရှင်းလွယ် ကူစေရေး၊ တစ်သမတ်တည်းဖြစ်စေရေးနှင့် လုပ်ထုံးလုပ်နည်းနှင့် အခြားအုပ်ချုပ်မှု အတားအဆီးများကို ဖြေရှင်းရန်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက် တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးမကျင်းပမီ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ - GACC တို့အကြား လယ်ယာထွက်ကုန်များ၏ ကုန်သွယ်မှုမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု တွင် ပါဝင်သည့်နိုင်ငံများအတွက် သွင်းကုန်နှင့် ပို့ကုန်အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံသို့ တက်ရောက်ခဲ့။
Add new comment