စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့၌ ကျင်းပသည့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။
- စက်တင်ဘာလ ၁၄ ရက်တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ Mr. Lan Tianli နှင့် တွေ့ဆုံ၍ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွား ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
- စက်တင်ဘာလ ၁၅ ရက်တွင် တရုတ်-ဗီယက်နမ်နယ်စပ် ပင်းရှန်မြို့သို့ သွားရောက် ၍ နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နေပုံများနှင့် တရုတ်-အာဆီယံ သစ်သီးဝလံ ကုန်သွယ်မှုစင်တာ၌ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းလာသည့် သစ်သီးဝလံ များ တရုတ်နိုင်ငံသို့ တင်သွင်းနေသည့် လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာခဲ့။
- စက်တင်ဘာလ ၁၆ ရက်တွင် ၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမက်စ် ဖိုရမ်သို့ တက်ရောက်၍ ပိုးလမ်းမတွင် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်း ဝယ်မှုများ ပိုမိုထွန်းကားလာစေရန် ပါဝင်သည့်နိုင်ငံများက ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက် မှုများပြုခြင်းနှင့် ဆန်းသစ်တီထွင်မှုများပြုခြင်းတို့အပေါ် အတူတကွ အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့။
- Nanning International Convention and Exhibition Center (NICEC) တွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးနှင့်သက်ဆိုင်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် ခရီးသွားလာမှုမြှင့်တင်ရေးဖိုရမ်သို့ တက်ရောက်၍ မန္တလေးမြို့သည် ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သော စီးပွားရေးစင်္ကြံလမ်းကြောင်းများ၏ လမ်း ဆုံ၌ တည်ရှိနေသောကြောင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ပြောကြားခဲ့။
- အဆိုပါ ဖိုရမ်တွင် Cooperation Agreement of Luban Workshop Operation Project in Myanmar ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန် လွှာနှစ်ရပ်၊ ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ပျားရည်ရောင်းဝယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်စသည့်သဘောတူညီချက်ငါးရပ်ကို လက် မှတ်ရေးထိုးနိုင်ခဲ့။
- တရုတ်နိုင်ငံတော်ဝန်ကြီးချုပ် မစ္စတာလီချန်းက တည်ခင်းဧည့်ခံခဲ့သော တရုတ်- အာဆီယံ ကုန်စည်ပြပွဲ အကြိုဂုဏ်ပြုညစာစားပွဲသို့ အခြားအာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့။
- စက်တင်ဘာလ ၁၇ ရက်တွင် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ နှင့် အကြိမ်(၂၀)မြောက် တရုတ် - အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အရာရှိကြီးများနှင့်အတူ တက်ရောက်ခဲ့။
- အကြိမ် (၂၀) မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲတွင် ခင်းကျင်းပြသလျက် ရှိသည့် မြန်မာလုပ်ငန်းရှင်များ၏ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့။
- မြန်မာအမျိုးသားပြခန်းဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပြခန်းဆောင်တွင် နှစ်လိုဖွယ်ရာမြို့အဖြစ် ရွေးချယ်ထားသော မန္တလေးမြို့ပတ်ဝန်းကျင်ဒေသ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်စက်မှုဇုန်၊ ခရီးသွားဇုန်၊ အိမ်ရာ တည်ဆောက်ရေး စီမံကိန်းများ အထူးပြုပြသထားမှုကို အားပေးကြည့်ရှုခဲ့။
- ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော Institutional Opening-up for New Economic Growth အစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကော်မတီ အတွင်းရေးမှူး၊ ကွမ်ရှီးပြည်နယ်အုပ်ချုပ်ရေးမှူး၊ တရုတ်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးတို့နှင့်အတူ တက်ရောက် ဆွေးနွေးခဲ့။
- လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်သတင်းဌာနများအား လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ တရုတ် - အာဆီယံ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်မျှော်မှန်းချက်များနှင့်ပတ်သက်၍ သတင်း မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့။
အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးများသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များ၊ အင်ဒိုနီးရှားနိုင်ငံဒုတိယသမ္မတ၊ စင်ကာပူ နိုင်ငံကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး၊ ဘရူနိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဝန် ကြီးဌာန ဝန်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ တီမောလက်စ်တေနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး ကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ စီးပွား ရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့။
- ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များနှင့် ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- တရုတ်-ဗီယက်နမ်နယ်စပ် ပင်းရှန်မြို့သို့ သွားရောက်၍ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေပုံများနှင့် တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်ရေး ဆောင် ရွက်နေပုံများကို လေ့လာခဲ့။
- အကြိမ် (၂၀) မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲတွင် ခင်းကျင်းပြသလျက် ရှိသည့် မြန်မာလုပ်ငန်းရှင်များ၏ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့။
- တရုတ်သတင်းဌာနများအား လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ တရုတ် - အာဆီယံ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ် မျှော်မှန်းချက်များနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့။
Add new comment