တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် အကြိမ် (၂၀) မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပလျက်ရှိရာ အဆိုပါကုန်စည် ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရေထွက်ကုန်၊ ထောပတ်သီး၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်၊ မြန်မာ့ ကျောက်မျက် လက်ဝတ်ရတနာပစ္စည်းများကို ခင်းကျင်းပြသရောင်းချလျက်ရှိပါသည်။
ကုန်စည်ပြပွဲတွင် မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာရောက်လေ့လာကြည့်ရှုသူများ၊ ကြိုက်နှစ်သက်၍ ဝယ်ယူသူများ ဖြင့် စည်ကားလျက်ရှိကြောင်းနှင့် စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် မန္တလေး တိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားမြှင့်တင်ရေးဖိုရမ်တွင် မြန်မာ နှင့်တရုတ်ကုန်သည်လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ခြောက်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၃)
- အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်း ပေါင်း ၈၀ ဖြင့် မြန်မာ့ထုတ်ကုန်များကို ခင်းကျင်းပြသရောင်းချလျက်ရှိ။
- မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာ ရောက်လေ့လာကြည့်ရှုသူများ၊ ကြိုက်နှစ်သက်၍ ဝယ်ယူသူများဖြင့် စည်ကား လျက်ရှိ။
Add new comment