ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၁၅ ရက်တွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေး အယ်လယဲနိခ်အား ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးသန့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးနှင့် နိုင်ငံတကာမျက်နှာစာ တွင် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် တန်းတူရည်တူရှိမှုတို့ကို အခြေခံကာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးအယ်လယဲနိခ်တို့က ပူးတွဲ ဦးဆောင်ကျင်းပခဲ့ကြရာ ဘယ်လာရုစ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာရော်ဂန်နီး ရှက်စသာကော့ဗ်၊ ဘယ်လာရုစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ဆောင်ရွက်ဆဲ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင် ရွက်သွားနိုင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု အစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်သွားရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာတွင် ဘယ်လာရုစ်နိုင်ငံက မှန်ကန်သည့်ရပ်တည်ချက်ကို အခြေခံကာ နားလည်မှုနှင့် ခိုင်မာစွာထောက်ခံမှုများ အတွက် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံး၊ မင့်စ်မြို့ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဘယ်လာရုစ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာရော်ဂန်နီး ရှက်စသာကော့ဗ်နှင့်အတူ မြန်မာကောင် စစ်ဝန်ချုပ်ရုံး မင့်စ်မြို့၌ ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြ ပြီး ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်အသိုက်အဝန်း နှင့် မင့်စ်မြို့ရှိ မြန်မာပညာသင်များလည်း တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာလ ၁၆ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကိုယ်စားလှယ်အဖွဲ့အား နိုဗိုစီဗစ်မြို့တွင် နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး(၁) မစ္စတာယူရီ ပက်တူကော့ဗ်နှင့်အဖွဲ့က နိုဗိုစီဗစ်မြို့ရှိ အထင်ကရနေရာများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး နိုဗိုစီဗစ်မြို့၌ ဖွင့်လှစ်ရန် လျာထား သောအဆောက်အဦနှင့် နေရာတို့ကို လိုက်လံပြသခဲ့ပါသည်။
စက်တင်ဘာလ ၁၇ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဗိုစီဗစ်မြို့မှ မန္တလေးမြို့သို့ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) ဖြင့် ပြန်လည်ရောက်ရှိခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၃)
- ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ဆောင်ရွက်ဆဲ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
Add new comment