ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-အာဆီယံ ဆောက်လုပ်ရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်

         ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်တွင် နန်နင်းမြို့၌ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍများတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ၊ ခေတ်သစ်ပိုး လမ်းကြီးနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကိုလည်း အရည်အသွေး မြင့်မြင့်မားမားဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် China-ASEAN Ministerial Roundtable on Construction အစည်းအဝေး၌ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုသည် စည်းလုံးညီညွတ်စွာဖြင့် သာယာဝပြောပြီး အပြန်အလှန်အကျိုးရှိစေမည့် နည်းလမ်းများကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံ နိုင်ငံများမှ ဖိတ်ကြားထားသည့်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် အလားအလာများ၊ အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများ၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို အချင်းချင်း မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် တွေ့ဆုံ၍ ခေတ်သစ် ပိုးလမ်းကြီးနှင့် တရုတ်- မြန်မာစီးပွားရေးစင်္ကြံကို အရည်အသွေး မြင့်မြင့်မားမား ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး တရုတ်-အာဆီယံ ဆောက်လုပ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့။
  • အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် စည်းလုံးညီညွတ်စွာဖြင့် သာယာဝ ပြောပြီး အပြန်အလှန်အကျိုးရှိစေမည့် နည်းလမ်းကို ဖော်ဆောင်နိုင်မည်ဖြစ်။

 

 

Add new comment