တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်း မြို့၌ ရောက်ရှိနေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအောင်နိုင်ဦးသည် စက်တင်ဘာလ ၁၆ ရက်တွင် Crowne Plaza ဟိုတယ်၌ ကျင်းပသည့် ၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမက်စ်ဖိုရမ်သို့ တက်ရောက် အမှာစကားပြောကြားရာတွင်-
- မြန်မာနိုင်ငံအနေဖြင့် နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးမြှင့်တင်ရန် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေကြောင်း။
- ပိုးလမ်းမတွင် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုထွန်းကား လာစေရန် ပါဝင်သည့်နိုင်ငံများက ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများပြုခြင်းနှင့် ဆန်းသစ် တီထွင်မှုများနှင့် စွန့်ဦးတီထွင်ဆောင်ရွက်မှုများ ပြုခြင်းတို့အပေါ် အတူတကွ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးမစ္စတာလီဖေ့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ မစ္စတာ မြောင်ကျင်းဝမ်နှင့် တရုတ်နှင့် အာဆီယံနိုင်ငံများမှ အီလက်ထရောနစ် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၉-၂၀၂၃)
- မြန်မာနိုင်ငံအနေဖြင့် နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးမြှင့်တင်ရန် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေ။
Add new comment