နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာအမျိုးသားလေကြောင်း(MNA) (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

         ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines - MNA)၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြား ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  မြန်မာအမျိုးသားလေကြောင်းမှ အရာထမ်း၊ အမှုထမ်း များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာအမျိုး သားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြု အမှာစကားပြောကြားရာတွင်-

  • မြန်မာ့လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသည့် UBA နှင့် BAC သည် ပြည်တွင်းလေကြောင်းခရီးစဉ်များကိုသာမက ဒေသတွင်းပြည်ပနိုင်ငံများနှင့် ခရီးစဉ်များကိုပါ ပြေးဆွဲခဲ့ပြီး သမိုင်းတစ်ခေတ်တွင် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊
  • လေကြောင်းပို့ဆောင်ရေးစနစ် အောင်မြင်နိုင်ရေးဆိုရာတွင် လေကြောင်းလိုင်း များ၏ လေယာဉ်အမှုထမ်းများ စွမ်းရည်ကောင်းမွန်မှုသာမက လေယာဉ်ကွင်း များ၊ လေဆိပ်ဝန်ဆောင်မှုများလည်း ကောင်းမွန်ရန်လိုကြောင်း။
  • မြန်မာအမျိုးသားလေကြောင်းအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို မျှော် မှန်းပြီး ခေတ်အဆက်ဆက် နိုင်ငံတော်ကပေးအပ်လာသည့် လုပ်ငန်းတာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ကောင်းမွန်သည့် အစဉ်အလာနှင့်သမိုင်း ကြောင်းကို ထာဝစဉ်ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် တိုက်တွန်းလို ကြောင်း။
  • မကြာမီတွင်လည်း ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ် စတင် ပျံသန်းမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် လေကြောင်းကုန်စည်ပို့ဆောင်မှု ကဏ္ဍတွင် MNA အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး အောင်မြင်စေ ရေးအတွက်လည်း ဆုမွန်ကောင်းတောင်းပါကြောင်း။
  • ပြောင်းလဲတိုးတက်လာသည့် အခြေအနေနှင့် လိုက်လျောညီထွေစွာ ခရီးသည် နှင့် ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး လေယာဉ်စီးရေ တိုးချဲ့မှုများ၊ လက်ရှိ ပြေးဆွဲနေသည့် ခရီးစဉ်များကို ခေါက်ရေတိုးမြှင့်ပြေးဆွဲမှုများ၊ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲမှုများ ဆောင်ရွက်သွားရန် ကြိုးစားသွားရမည်ဖြစ်ကြောင်း။
  • ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲပျံသန်းရန် စီစဉ်ဆောင် ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ပို့ကုန်၊ သွင်းကုန်ကို တိုးမြှင့်တင်ပို့နိုင်မည်ဖြစ် သကဲ့သို့ နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးရာ ရောက်မည်လည်းဖြစ်ကြောင်း။
  • မြန်မာအမျိုးသားလေကြောင်းကို ၇၅ နှစ်၊ စိန်ရတုတိုင် ရှင်သန်ရပ်တည်နိုင်ရေး ခေတ်အဆက်ဆက်က ကြိုးပမ်းဆောင်ရွက်ပေးကြသူများ၊ ဝန်ထမ်းဟောင်း များ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးကို ဂုဏ်ယူ အသိအမှတ်ပြုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သံစုံတီးဝိုင်း၏တီးခတ်မှုဖြင့် နိုင်ငံကျော်တေးသံရှင်များ၏ ဂုဏ်ပြု သီဆိုဖျော်ဖြေမှုများ၊ မြန်မာ့ယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများ စသည်တို့ဖြင့် အသီးသီး သီဆိုကပြဖျော်ဖြေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေး ခဲ့ပြီး သီဆိုကပြဖျော်ဖြေမှုများအပြီးတွင် ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာအမျိုးသားလေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းအတွင်း ပြကွက်တစ်ခုချင်း အလိုက် စိတ်ဝင်တစားဖြင့် လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သိရှိရပါသည်။   

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၉-၂၀၂၃)

 

  • လေကြောင်းပို့ဆောင်ရေးစနစ် အောင်မြင်နိုင်ရေးဆိုရာတွင် လေကြောင်းလိုင်းများ လေယာဉ်အမှုထမ်းများ စွမ်းရည်ကောင်းမွန်မှုသာမက လေယာဉ်ကွင်းများ၊ လေဆိပ်ဝန်ဆောင်မှုများလည်း ကောင်းမွန်ရန်လို။
  • မြန်မာအမျိုးသားလေကြောင်းအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို မျှော်မှန်း ပြီး ခေတ်အဆက်ဆက် နိုင်ငံတော်ကပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ကောင်းမွန်သည့် အစဉ်အလာနှင့်သမိုင်းကြောင်းကို ထာဝစဉ်ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်။
  • ပြောင်းလဲတိုးတက်လာသည့် အခြေအနေနှင့် လိုက်လျောညီထွေစွာ ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ်မူတည်ပြီး လေယာဉ်စီးရေ တိုးချဲ့မှုများ၊ လက်ရှိပြေးဆွဲနေ သည့် ခရီးစဉ်များကို ခေါက်ရေတိုးမြှင့်ပြေးဆွဲမှုများ၊ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲ မှုများ ဆောင်ရွက်သွားရန် ကြိုးစားသွားရမည်ဖြစ်။

Add new comment