ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဖိုရမ်တက်ရောက်

        တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် စက်တင်ဘာလ ၁၆ ရက်တွင် Nanning International Convention and Exhibition Center (NICEC) တွင် ကျင်းပသည့် မန္တလေးတိုင်း ဒေသကြီးကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဖိုရမ်သို့ တက် ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက-

  • မန္တလေးမြို့သည် မြန်မာ-တရုတ် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါ သည့် တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်း၊ မဟာမဲခေါင်ဒေသခွဲ (GMS) ၏ အရှေ့အနောက် စီးပွားရေး စင်္ကြံနှင့် တောင်မြောက်စီးပွားရေးစင်္ကြံများဖြင့် ချိတ်ဆက်နေသည့် ကုန်သွယ် ရေးလမ်းကြောင်းများ၏ ဗဟိုချက်တွင် တည်ရှိသောကြောင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ နှစ်လိုဖွယ်ရာမြို့တော် (City of Charm) အဖြစ် ရွေးချယ် ပြသခြင်းဖြစ်ကြောင်း။
  • မန္တလေးမြို့သည် ဒေသတွင်းကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သော စီးပွားရေး စင်္ကြံလမ်းကြောင်းများ၏ လမ်းဆုံ၌တည်ရှိနေသောကြောင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလားအလာရှိသည့် စားသောက်ကုန်ထုတ် လုပ်မှုလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထည် လုပ်ငန်း၊ ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း အလေး အနက်ပြောကြားခဲ့ပါသည်။

အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံမှ အစိုးရကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များ၊ တရုတ်နိုင်ငံမှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံ ညီလာခံ ဒုတိယဥက္ကဋ္ဌ မစ္စတာဟွမ်ကျွင့်ဟွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ဖိုရမ်တွင် မန္တလေးမြို့သာစက်မှုဇုန်စီမံကိန်း၊ အမရပူရခရီးသွား စီမံကိန်း၊ မင်္ဂလာမန္တလေးစီမံကိန်း၊  ရေတံခွန်တောင်မြို့တော်စီမံကိန်းနှင့် မြန်မာနိုင်ငံ သစ်သီးဝလံကဏ္ဍများနှင့်ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်းအလိုက် တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင် ရေးဖိုရမ်တွင် Cooperation Agreement of Luban Workshop Operation Project in Myanmar ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှစ်ရပ်၊ ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ပျားရည်ရောင်းဝယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးသဘောတူစာချုပ် စသည့်သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၉-၂၀၂၃)

 

  • ဖိုရမ်သို့ မြန်မာနိုင်ငံမှ အစိုးရကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံမှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံ ညီလာခံ ဒုတိယဥက္ကဋ္ဌ မစ္စတာဟွမ်ကျွင့်ဟွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက် ရောက်ခဲ့ကြပြီး ဖိုရမ်တွင် မန္တလေးမြို့သာစက်မှုဇုန်စီမံကိန်း၊ အမရပူရခရီးသွား စီမံကိန်း၊ မင်္ဂလာမန္တလေးစီမံကိန်း၊  ရေတံခွန်တောင်မြို့တော်စီမံကိန်းနှင့် မြန်မာ နိုင်ငံသစ်သီးဝလံကဏ္ဍများနှင့်ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်းအလိုက် တာဝန်ရှိ သူများက ဆွေးနွေးတင်ပြခဲ့။

Add new comment