နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် ကျောက်ဖြူမြို့နယ်တို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များနှင့် စစ်တွေ၊ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  • စက်တင်ဘာလ ၁၄ ရက်တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေပညာရှင်များ၊ လူမှုရေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့။
  • နည်းပညာတက္ကသိုလ် (စစ်တွေ)နှင့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)များသို့ သွားရောက်၍ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦများ ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုများကိုလည်းကောင်း၊ စစ်တွေ ပွိုင့်အပန်းဖြေစခန်းအား ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကိုလည်း ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။
  • စက်တင်ဘာလ ၁၅ ရက်တွင် မောင်တောမြို့၊ သာသနာ့ဗိမာန်၌လည်းကောင်း၊ ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌လည်းကောင်း ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ အမှာ စကားပြောကြားခဲ့။
  • ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးကျေးရွာ၌ မိုခါမုန်တိုင်းသင့်တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့သောမျိုးစပါး GW-11 ၁၀ ဧက စိုက်ပျိုးအောင်မြင်နေမှုနှင့် စိုက်ကွင်းအတွင်း ယူရီးယားဓာတ်မြေသြဇာနှင့် စူပါဘိုကာရှီ သဘာဝမြေသြဇာ ရောစပ်ကြဲပက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး တောင်သူများနှင့်  ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့။
  • စက်တင်ဘာလ ၁၆ ရက်တွင် ကျောက်ဖြူ၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ် တို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမများ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့။

အဆိုပါတွေ့ဆုံပွဲများတွင် မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ခရီးစဉ်တွင် လိုက်ပါလာသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူတို့က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၉-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် ကျောက်ဖြူမြို့နယ်တို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များနှင့် စစ်တွေ၊ ရသေ့တောင်မြို့နယ် အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့။

Add new comment