ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပင်းရှန်မြို့၌ တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပုံနှင့် တရုတ်-အာဆီယံ သစ်သီးဝလံ ရောင်းဝယ်ရေးစင်တာသို့ သွားရောက်လေ့လာ

         တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်း မြို့၌ ရောက်ရှိနေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင် ဘာလ ၁၅ ရက်တွင် တရုတ်-ဗီယက်နမ်နယ်စပ် ပင်းရှန်မြို့သို့ သွားရောက်၍ နယ်စပ် ကုန်သွယ်ရေးဆောင်ရွက်နေပုံများနှင့် တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်ရေး ဆောင်ရွက်နေပုံများကို လေ့လာခဲ့ကြပါသည်။

  • ဟူနန်-ကွမ်ရှီး မီးရထားလမ်း၊ တရုတ်အမျိုးသား အဝေးပြေးလမ်းမကြီးများနှင့် ဗီ ယက်နမ်အဝေးပြေးလမ်းတို့ကို ဆက်သွယ်ထားသည့် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဂိတ်ဖြစ်သည့်အပြင် တရုတ်နိုင်ငံတွင် နာမည်အကျော်ကြားဆုံး နယ်စပ်ဂိတ်ကိုးခု အနက် တစ်ခုဖြစ်သည့် ပင်းရှန်မြို့ရှိ ချစ်ကြည်ရေးဂိတ်၌ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို လေ့လာခဲ့။
  • ပင်းရှန်မြို့ရှိ တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်မှုစင်တာသို့ သွားရောက်၍ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းလာသည့် သစ်သီးဝလံများ တရုတ်နိုင်ငံသို့ တင်သွင်းနေသည့် လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာခဲ့။
  • ဗီယက်နမ်နှင့် ၁၈၄ ကီလိုမီတာရှည်လျားစွာ ထိတွေ့နေသည့် လောင်ကျိုး (Longzhou) စီရင်စု၌ တည်ရှိသော နိုင်ငံတော်အဆင့် စခန်းတစ်ခုဖြစ်သည့် ပင်းရှန် မြို့၊ ရွှေကို (Shuikou) နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် နာဟွားပုဂ္ဂလိက နယ်စပ် ကုန်သွယ်ရေးဇုန်သို့ သွားရောက်လေ့လာခဲ့။

ပင်းရှန် (Pingxiang) မြို့မှာ ဗီယက်နမ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ သစ်သီးဝလံများကို ကုန်းလမ်းမှ ဖြတ်သန်းသယ်ဆောင်၍ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေသည့် အဓိကဝင်ပေါက်တစ်ပေါက်ဖြစ်ရာ မြန်မာနိုင်ငံ၏ သစ်သီးဝလံ ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိသော မြို့ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် တရုတ်-ဗီယက်နမ်နယ်စပ် ပင်းရှန်မြို့သို့ သွားရောက်၍ နယ်စပ်ကုန်သွယ် ရေးဆောင်ရွက်နေပုံများနှင့် တရုတ်-အာဆီယံ သစ်သီးဝလံကုန်သွယ်ရေး ဆောင် ရွက်နေပုံများကို လေ့လာခဲ့။
  • ပင်းရှန် (Pingxiang) မြို့မှာ ဗီယက်နမ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ သစ်သီးဝလံများကို ကုန်းလမ်းမှ ဖြတ်သန်းသယ်ဆောင်၍ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေသည့် အဓိကဝင်ပေါက်တစ်ပေါက်ဖြစ်ရာ မြန်မာနိုင်ငံ၏ သစ်သီးဝလံ ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိသော မြို့ဖြစ်။

 

Add new comment