နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်း ဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် အဋ္ဌမအကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum) သို့ တက်ရောက် ခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်တွင် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါ သည်။
- စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့သည် အရှေ့ဖျားစီးပွားရေး ဖိုရမ်နှင့် သက်ဆိုင်သောခေါင်းစဉ်များကို Panelist အနေဖြင့် တက်ရောက် ဆွေးနွေးခဲ့။
- စက်တင်ဘာ ၁၀ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားသမ္မတ၏ အကြံ ပေး၊ ရုရှားရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဥက္ကဋ္ဌ မစ္စတာအန်တွန်ကို ဗျာကော့ဗ် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
- စက်တင်ဘာ ၁၀ ရက်တွင် Aquarius နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အလမ်းများကို ဆွေးနွေးခဲ့။
- စက်တင်ဘာ ၁၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး မစ္စတာမာ့ခ်ဆင်ရီရှတ်နီကို့ဗ် ခေါင်းဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ စတုတ္ထ အကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု ကော်မရှင်အစည်းအဝေးကျင်းပရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- JSC Russian Railways မှ First Deputy CEO Mr. Sergey Pavlov ခေါင်းဆောင် သည့်အဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံရထားလမ်းတည်ဆောက်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ရထားလုပ်ငန်းများအတွက် နည်းပညာနှင့် ငွေကြေးအထောက်အပံ့များ ရရှိနိုင်ရေးနှင့် ကုန်းတွင်းဆိပ်များ တည်ဆောက်ရေး လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့။
- ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာအီဗန်ဗီတိုရိုဗစ်ရှ်ပိုလီရာကော့ဗ် ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ ရုရှားနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စ ရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
- အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက် နှာစုံညီအစည်းအဝေး (Main Forum- Plenary Session) သို့ တက်ရောက် ဆွေးနွေးခဲ့။
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ အလယ်ပိုင်းရှိ အီကွတ်မြို့၏ Governor ခေါင်းဆောင် သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလာမှုလုပ်ငန်းများနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်နိုင် မည့်ကိစ္စရပ်များကိုဆွေးနွေးခဲ့။
- စက်တင်ဘာလ ၁၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပရီမော့စကီးဒေသ၏ Governor ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရေကြောင်း ဆိုင်ရာ ကုန်သွယ်မှုဖြစ်နိုင်ခြေ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့။
- Far Eastern Federal University မှ တာဝန်ရှိသူ များအား တွေ့ဆုံ၍ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် (FEFU) တို့အကြား လက်မှတ်ရေးထိုးထားသည့် ဆေးဘက်ဆိုင်ရာပညာရပ် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုများ စတင်ရေးနှင့် နေပြည်တော်တွင် FEFU ရုံးခွဲဖွင့်လှစ်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
- ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Commercial Port of Vladivostok သို့ သွားရောက်၍ ဆိပ်ကမ်း၏ စွမ်းဆောင်မှုများ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှု စနစ်အား အဆင့်မြင့်ကွန်ပျူတာစနစ်အသုံးပြုပြီး စီမံခန့်ခွဲနေမှုများနှင့် အနာဂတ် ဆိပ်ကမ်း ဆက်လက်တည်ဆောက်သွားမည့် အစီအမံများကို လေ့လာခဲ့။
- ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေပေးချေမှုများ အဆင်ပြေ ချောမွေ့စေရန်အတွက် ရုရှားနိုင်ငံဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ အကြား ဘဏ်စာရင်းဖွင့်လှစ်သည့် သဘောတူစာချုပ်အား မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတို့ကလည်းကောင်း၊
- ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးတို့ကို ရည်ရွယ်၍ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးတို့ကလည်းကောင်း လက်မှတ်ရေး ထိုးခဲ့။
အဆိုပါ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည် ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဝန်ကြီး ဌာနများမှ အဆင့်မြင့်အရာထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum) သို့ တက်ရောက်ဆွေးနွေးခဲ့။
- ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
- နည်းပညာဆိုင်ရာကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် နည်းပညာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့။
- ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေပေးချေမှုများ အဆင်ပြေ ချောမွေ့စေရန်အတွက် ရုရှားနိုင်ငံဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ အကြား ဘဏ်စာရင်းဖွင့်လှစ်သည့် သဘောတူစာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့။
- ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးတို့ကို ရည်ရွယ်၍ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက် မှတ်ရေးထိုးခဲ့။
Add new comment