ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အိန္ဒိယ-မြန်မာကုန်သည်များအသင်းမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

         လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည်  မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr.Vinay Kumar နှင့် တာဝန်ရှိသူများနှင့်အတူ   စက်တင်ဘာလ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ကျင်းပသည့် အိန္ဒိယ-မြန်မာကုန်သည်များအသင်းမှ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံထားသည့် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက-

  • မိမိတို့နိုင်ငံအတွင်းသို့ အိန္ဒိယနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ ဝင်ရောက်နိုင်ရေးအတွက်လည်း ဗီဇာလျှောက်ထားရယူမှုပုံံစံ သုံးမျိုးဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • သြဂုတ်လ ၃၁ ရက်မှစ၍ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကမ္ဘာလှည့် ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (VOA) ကိုခွင့်ပြုဆောင်ရွက်ပေးနေပြီဖြစ် ကြောင်း။
  • မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံ သားစီးပွားရေးလုပ်ငန်းရှင်များ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားများကိုလည်း ဥပဒေနှင့်အညီ ကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း။
  • နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ အပြန်အလှန် ကူးလူးဆက်နွှယ် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
  • ယင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ တွေ့ကြုံရသည့် အခက် အခဲများရှိပါက ပွင့်ပွင့်လင်းလင်းမေးမြန်းဆွေးနွေးကြစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယ-မြန်မာကုန်သည်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များက ကဏ္ဍပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ပြည်ဝင်ဗီဇာနှင့် နေခွင့် ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ခွင့်ပြု ဆောင်ရွက်မှု၊  Form-C နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံသို့ အလည် အပတ် လာရောက်မည့် အိန္ဒိယနိုင်ငံသားများအတွက် ပြည်ဝင်ဗီဇာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားပြီး အီလက်ထရောနစ် မှတ်ပုံတင် စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို   ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၃)

 

  • တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့။

Add new comment