ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး (၈) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum) သို့ တက်ရောက်

         ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက်အထိ (၈) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကျင်းပနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် မြန်မာကိုယ်စား လှယ်အဖွဲ့သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်နှင့်တွေ့ဆုံ၍  ဥပဒေရေးရာကိစ္စရပ် များကို ပူးပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ  (Memorandum  of Cooperation) အရ အကောင်အထည်ဖော်မည့် လုပ်ငန်းရပ်များကို  ဆွေးနွေးခဲ့ကြ ပါသည်။

(၈) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum) တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က-

  • စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များကို ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက ဆင်းရဲနွမ်းပါးမှုရပ်တန့်ရန်၊  ကမ္ဘာမြေကြီးကို ကာကွယ်ရန်၊ ၂၀၃၀ ပြည့်နှစ်တွင် လူသားများအားလုံးငြိမ်းချမ်း၍ ချမ်းသာ ကြွယ်ဝခြင်းကို ခံစားနိုင်စေရေးအတွက်  ချမှတ်ခဲ့ကြောင်း။
  • စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များသည် နိုင်ငံ တကာဥပဒေကို လေးစားလိုက်နာခြင်းအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံသဘောတရားများအတိုင်း လမ်းညွှန်ထား ခြင်းဖြစ်ကြောင်း။
  • ဒေသဆိုင်ရာအဆင့်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အလျောက်  အာဆီယံပဋိညာဉ်ကို  အထူးအလေးပေးလျက်  ပဋိညာဉ်ပါ ပြဋ္ဌာန်း ချက်များကို လိုက်နာလျက်ရှိကြောင်း၊
  • အာဆီယံတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်၊  အာဆီယံနှင့်  မိတ်ဖက်နိုင်ငံများအကြား ဆောင်ရွက်လျက်ရှိ သည့် လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ်များ၊    အငြင်း ပွားမှုဖြေရှင်းခြင်း နည်းလမ်းများတိုးမြှင့်ခြင်းဆိုင်ရာ အာဆီယံစာချုပ်ကဲ့သို့သော စာချုပ်များကို  တွေ့နိုင်ကြောင်း၊
  • ကမ္ဘာ့နိုင်ငံအားလုံးသည် တစ်နေ့ထက်တစ်နေ့ခေတ်မီ တိုးတက်ပြောင်းလဲလျက် ရှိပြီး အဓိကအားဖြင့် နည်းပညာတွင် များစွာတိုးတက်လျက်ရှိခြင်းကြောင့် နိုင်ငံ များအနေဖြင့် ခေတ်နှင့်လျော်ညီသော  ဥပဒေမူဘောင်များသည် နိုင်ငံအလိုက် စီးပွားရေးဆိုင်ရာမူဝါဒများ ပြောင်းလဲမှုအလိုက် ပြောင်းလဲပြဋ္ဌာန်းရန် လိုအပ် ကြောင်း ပြောကြားခဲ့။

 (၈) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် စဉ်ဆက်မပြတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနှင့်စပ်လျဉ်း၍   ဖိုရမ်သို့တက်ရောက်သော ကိုယ်စားလှယ် များက  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်နှင့်တွေ့ဆုံ၍  ဥပဒေရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ (Memorandum  of Cooperation) အရ အကောင်အထည်ဖော်မည့်လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ပြီး (၈) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားခဲ့။

Add new comment