ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့တို့ ဦးဆောင်၍ မြန်မာ - ရုရှားနှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပ

          မြန်မာ-ရုရှား နှစ်နိုင်ငံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၄ ရက်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီ လတ်ဗ်ရော့တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပြီး ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်ဒရေးရူဒန်ကာ၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက် ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ၌ မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့၌ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းအချင်း ထိတွေ့ဆက်ဆံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ စက်မှု၊ ပညာရေး၊ ပြန်ကြားရေးအစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိ ခဲ့သည့်ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် ဆောင်ရွက်ဆဲနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်စေရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၉-၂၀၂၃)

 

  • ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိခဲ့သည့်ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာလာစေရေးနှင့် ဆောင်ရွက်ဆဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အရှိန် အဟုန်ဖြင့် တိုးတက်စေရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
vidos: 

Add new comment