စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်တွင် ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၁၁၃၃ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၂၉ ဦး၊ ခွဲစိတ်ရောဂါ ၈၄ ဦး၊ ကလေးရောဂါ ၄၀ ဦး၊ သားဖွားမီးယပ်ရောဂါ ၆၅ ဦး၊ အရိုးရောဂါ ၁၆၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၇ ဦး၊ မျက်စိရောဂါ ၁၉၄ ဦးနှင့် သွားရောဂါ ၁၀၁ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေ ခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၇ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၉ ဦး၊ Ultrasound ရိုက်လူနာ ၆၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၆ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၁၁၈ ဦးတို့ကို ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရန် လိုအပ်သူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည့်အပြင် ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများအား တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၉-၂၀၂၃)
-
တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာ ပြုများ ပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်တွင် ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၁,၁၃၃ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
Add new comment