အာဆီယံလေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ လေ့လာရေးခရီးသွားရောက်

       မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံလေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၄ ရက်တွင် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်၍ သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်‌ကျောက် တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများချ၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်စွန့်လွှတ် ခဲ့ကြသူများအား အလေးပြုခဲ့ကြပါသည်။

ထို့နောက် တပ်မတော်လေယာဉ်ဖြင့် ပြင်ဦးလွင်မြို့သို့ သွားရောက်၍ အမျိုးသား ကန်တော်ကြီးဥယျာဉ်နှင့် ပြင်ဦးလွင်မြို့အတွင်း လှည့်လည်ကြည့်ရှုကာ The View Resort သို့ သွားရောက်၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၉-၂၀၂၃)

 

  • အာဆီယံလေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန်(နေပြည်တော်)အတွင်းရှိ အထိမ်းအမှတ်‌ကျောက်တိုင်ရှေ့၌ ဂုဏ် ပြုပန်းခြင်းများချ၍ နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသူ များအား အလေးပြုခဲ့။

 

Add new comment