ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် တွေ့ဆုံ

      အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့တက်ရောက် ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအောင်နိုင်ဦးသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ Mr. Lan Tianli နှင့် စက်တင်ဘာလ ၁၄ တွင် နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကုန်သွယ်မှုမြှင့် တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ် - အာဆီယံ ကုန်စည်ပြပွဲတွင် နှစ်စဉ်ပါဝင်ပြသ ခြင်းဖြင့် တရုတ်နိုင်ငံနှင့်သာမက အခြားအာဆီယံနိုင်ငံများနှင့်လည်း ကုန်သွယ်မှုမြှင့် တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကွမ်ရှီးဒေသတွင် ထူထောင်ထားရှိသည့် သစ်သီးဝလံဈေး ကွက်သို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများ တင်ပို့ရောင်းချနိုင်ရေး၊ မြန်မာနိုင်ငံနှင့် တိုင်းရင်းဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာ ဖြန့်ဝေပေးနိုင်ရေး၊ ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ကိုရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment