မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC) သို့ တက်ရောက်ရန် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပါသည်။
- စက်တင်ဘာလ ၁၂ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က အစည်းအဝေးသို့ တက်ရောက်လာသည့် အဆိုပါကိုယ်စားလှယ်အဖွဲ့ များအား နေပြည်တော်ရှိ M Gallery ဟိုတယ်၌ တစ်နိုင်ငံချင်းစီ လက်ခံတွေ့ဆုံ၍ အာဆီယံလေတပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့။
- အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့များသည်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ အပြန်အလှန် ပြုလုပ်ခဲ့။
- စက်တင်ဘာလ ၁၃ ရက်တွင် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (20th AACC) ကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန် ဗင်းရှင်းဗဟိုဌာန(၁)ရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိ ကာကွယ် ရေးဦးစီးချုပ်(လေ)က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေးကိုဖွင့် လှစ်ပေးခဲ့။
- ထို့နောက် ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သော " ASEAN Air Forces’ Cooperation for Sustainable Environment " အကြောင်းအရာအား အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသည့် ၅ နိုင်ငံမှ လေတပ်ဦးစီးချုပ်များက အသီးသီး ဆွေးနွေးခဲ့ကြ ကာ ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံ လေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့။
- (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen. Soeung Samnang ထံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ပြီးနောက် (၂၀) ကြိမ် မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ဆွေးနွေးညှိနှိုင်းသဘော တူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့။
- ညနေပိုင်းတွင် 20th AACC သို့ တက်ရောက်လာကြသည့် လေတပ်ဦးစီးချုပ်များအား ကာကွယ်ရေးဦးစီးချုပ်(လေ)က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ အာဆီယံနိုင်ငံများမှ လေတပ်ဦးစီးချုပ်များ၊ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့။
(၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး(20th AACC) ၏ ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော (၁၀) ကြိမ်မြောက် အာဆီယံလေတပ်များ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး 10th ASEAN Air Forces Education and Training – Working Group Meeting( 10th AAFET-WG ) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှ ၉ ရက်အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ အာဆီယံ ၁၀ နိုင်ငံလေတပ်များ၏ တက်ရောက်လာကြသော ကိုယ် စားလှယ်များက “Advancing Education and Training Exchanges for Sustainable Environment Amongst ASEAN Air Forces” အကြောင်းအရာအား ဆွေးနွေးခဲ့ကြပြီးနောက် သဘာပတိကဆွေးနွေးပွဲအနှစ်ချုပ်ကို ဖတ်ကြားခဲ့ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ ၎င်းတို့၏ဇနီးများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ကျောက်စာရုံစေတီတော်များနှင့် သာသနိကအဆောက်အဦများ အား လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် ကျောက်မျက်ရတနာပြတိုက်သို့လည်းကောင်း၊ တည်းခိုရာဟိုတယ်၌ လေတပ်စခန်းဌာနချုပ်နှင့် လေတပ်စခန်းအသီးသီးတို့မှ ခင်း ကျင်းပြသထားသော ရိုးရာယဉ်ကျေးမှုနှင့် အိမ်တွင်းလက်မှု လုပ်ငန်းဆိုင်ရာပြခန်းများ သို့လည်းကောင်း သွားရောက်ပြီး စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၉-၂၀၂၃)
- မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့။
- အစည်းအဝေး၌ ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သော "ASEAN Air Forces’ Cooperation for Sustainable Environment" အကြောင်းအရာအား ဆွေးနွေးခဲ့။
- (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen. Soeung Samnang ထံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့။
Add new comment