မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့မှ အဖွဲ့ဝင်အင်ဂျင်နီယာများ လာရောက်ဖူးမြော်လေ့လာ

         ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စက်တင်ဘာလ ၁၃ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ် ဦးဆောင်သည့် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ အဖွဲ့ဝင် အင်ဂျင်နီယာများက လာရောက်ဖူးမြော်လေ့လာခဲ့ကြပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးနှင့်ပတ်သက် သည့် အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ ဒီဇိုင်းတွက်ချက်မှုလုပ်ငန်းအဆင့်ဆင့်နှင့် စကျင်ကျောက်တုံးတော်ကြီး တွဲဆက်ရေးလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှုအခြေ အနေများနှင့် ဆင်းတုတော်ကြီးအား ပင့်ဆောင်ခြင်း၊ ပင့်ထောင်ပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လေ့လာရေးအဖွဲ့များ၏ သိရှိ လိုသည်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် လေ့လာရေးအဖွဲ့များက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန် နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပါသည်။

အဆိုပါလေ့လာရေးအဖွဲ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံစသည့် နိုင်ငံအသီးသီးမှ နိုင်ငံခြားသား အင်ဂျင် နီယာပညာရှင် ၂၆ ဦးနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှအဖွဲ့ဝင် ၅၄ ဦး စုစုပေါင်း အဖွဲ့ဝင် ၈၀ ဦးပါဝင်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၉-၂၀၂၃)

 

  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင် နီယာများအဖွဲ့ချုပ်မှ အင်ဂျင်နီယာပညာရှင် ၂၆ ဦးနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီမှအဖွဲ့ဝင် ၅၄ ဦး စုစုပေါင်းအဖွဲ့ဝင် ၈၀ ဦးတို့က လာရောက်ဖူးမြော် လေ့လာခဲ့ပြီး ဘုရားကြီးတည်ထားကိုးကွယ်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခဲ့။

Add new comment