တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

       တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံး    ပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာအား ဒုတိယအကြိမ် မီးရှို့ခဲ့သောကြောင့် အိမ်ခြေတစ်ရာနီးပါး ပျက်စီးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ အဆိုပါကျေးရွာနှင့်အနီးတစ်ဝိုက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရ။‌
  • တရားမဝင်မီဒီယာ Myanmar Pressphoto Agency မှ တင်ထားသော တပ်မတော်က ဓာတုဗုံးအသုံးပြုပြီး ကနီမြို့ကို တိုက်ခိုက်ခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ တပ်မတော်အနေဖြင့် ဓာတုဗုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများက တိုက်ပွဲများတွင် ၎င်းတို့အကျအဆုံးများပြားခဲ့သောကြောင့် တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ပြင်းထန်စွာ ရိုက်နှက်ပြီး တိုက်ပိတ်ထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကျဉ်းထောင်အတွင်း အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ် ပွားခဲ့ပြီး အကျဉ်းထောင်စည်းကမ်းများအား ဖောက်ဖျက်ခဲ့သည့်အတွက် တာဝန်ရှိသူများက ၎င်းအကျဉ်းသားများကို အကျဉ်းထောင်အက်ဥပဒေနှင့်အညီ တိုက်ပိတ်ပြစ်ဒဏ် ၁၄ ရက်ချမှတ်ခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းအတု၊ သတင်းအမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေ ရန်နှင့် ထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်များပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၃-၂၀၂၄)

 

  • လုံခြုံရေးတပ်ဖွဲ့ဝင်များက မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာအား ဒုတိယအကြိမ် မီးရှို့ ခဲ့သောကြောင့် အိမ်ခြေတစ်ရာနီးပါး ပျက်စီးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ အဆိုပါကျေးရွာနှင့် အနီးတစ်ဝိုက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရ။
  • တပ်မတော်က ဓာတုဗုံးအသုံးပြုပြီး ကနီမြို့ကို တိုက်ခိုက်ခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ တပ်မတော်အနေဖြင့် ဓာတုဗုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ပြင်းထန်စွာ ရိုက်နှက်ပြီး တိုက်ပိတ်ထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကျဉ်းထောင်အတွင်း အကျဉ်းသားများ ခိုက်ရန်ဖြစ်ပွားခဲ့သောကြောင့် အကျဉ်းထောင်အက်ဥပဒေနှင့်အညီ တိုက်ပိတ်ပြစ်ဒဏ် ၁၄ ရက်ချမှတ်ခဲ့ခြင်းသာဖြစ်။

Add new comment