နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုစားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

         နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်လျက်ရှိရာ မတ်လ ၆ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုပေးအပ်သည့် ငွေကျပ်သိန်းခုနှစ်ဆယ်နှင့် ငွေကျပ်သိန်းသုံးဆယ် တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၃-၂၀၂၄)

 

  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော နိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုပေးအပ်သည့် ငွေကျပ်သိန်းခုနှစ်ဆယ်နှင့် ငွေကျပ်သိန်းသုံးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ပေးအပ်လှူဒါန်းခဲ့။

Add new comment