ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Academy for International Business Off-icials (AIBO) တို့ပူးပေါင်း၍ အာဆီယံ - တရုတ် လွတ်လပ်သောကုန် သွယ်မှုဒေသ(ACFTA) သဘောတူညီချက်၏ ပင်ရင်းဒေသစည်းမျဉ်းများ အကောင် အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အာဆီယံ - တရုတ် ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မူဘောင်သဘောတူညီချက်အရ ပြင်ဆင်ထားသောစည်းမျဉ်းများကို မိတ် ဆက်ရန်၊ ဌာနဆိုင်ရာ အရာထမ်းများ၏ ဘာသာရပ်ဆိုင်ရာ အသိပညာတိုးတက်စေရန်၊ သီးသန့်ကုန်စည်စည်းမျဉ်းများနှင့် ပင်ရင်းသက်သေခံလက်မှတ်ပုံစံများ၊ လုပ်ငန်းဆောင် ရွက်မှု အသိအမှတ်ပြုလုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံ၊ ပင်ရင်းနိုင်ငံ စည်းမျဉ်းများနှင့်ပတ် သက်သောလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်တတ်စေရန်နှင့် နားလည်သဘော ပေါက်စေရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်းများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် AIBO တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့မှ သင်တန်းသားကိုယ်စားလှယ် ၃၅ ဦး ပါဝင်တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၉-၂၀၂၃)
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Academy for International Business Off-icials (AIBO) တို့ပူးပေါင်း၍ အာဆီယံ - တရုတ် လွတ် လပ်သောကုန်သွယ်မှုဒေသ(ACFTA) သဘောတူညီချက်၏ ပင်ရင်းဒေသစည်းမျဉ်း များ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့။
Add new comment