လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ သဝဏ်လွှာပေးပို့

         လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် ကျရောက်သည့် ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက် ဖျက်ရေးနေ့သို့ သဝဏ်လွှာပေးပို့ခဲ့ရာတွင်-

  • လက်ရှိကာလတွင် ကမ္ဘာ့နိုင်ငံများက လူကုန်ကူးမှုများအား နိုင်ငံဖြတ်ကျော်မှုခင်း အမျိုးအစားတစ်ရပ်အဖြစ် လက်ခံထားကြပြီး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းအားထုတ် တားဆီးကာကွယ်နေကြသော်လည်း ဖြစ်ပွားမှုမြင့်မားနေဆဲပင်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီး အဆင့်အစည်းအဝေး၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးအဆင့်အစည်းအဝေးနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဘာလီလုပ်ငန်းစဉ် စသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးယန္တရားများတွင်လည်း တက်ကြွစွာပူးပေါင်း ပါဝင်လျက်ရှိပြီး အဆိုပါယန္တရားများ၏ Policy Guideline များနှင့်အညီ နိုင်ငံအဆင့်၊ ဒေသအဆင့် ဦးစားပေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။
  • မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်၍ သက် ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှု မှုခင်းများ အား တရားစွဲဆိုရေးလုပ်ငန်းများကို (၅)နှစ်စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂ - ၂၀၂၆) ကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံသည် Online ကို အသုံးပြု၍ လိမ်လည်မှုကျူးလွန်ရန်အလို့ငှာ အဓမ္မ စေခိုင်းမှုများကို လတ်တလော ရင်ဆိုင်ကြုံတွေ့နေရပြီး အခြားနိုင်ငံများမှ နိုင်ငံသား များလည်း အဆိုပါဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ်နိုင်ရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း။
  • လူကုန်ကူးမှုများ၊ လူကုန်ကူးခံရသူများနှင့်စပ်လျဉ်း၍ (၂၄) နာရီ သတင်းပေးတိုင် ကြားနိုင်သည့် Hot Line ဖုန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ် တို့တွင် တပ်ဆင်ခဲ့ပြီး လူကုန်ကူးမှုများကို အချိန်နှင့်တစ်ပြေးညီဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
  • ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် “လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံ ရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသား အဆင့် စံလုပ်ငန်းအစီအစဉ်”နှင့်အညီ လူကုန်ကူးခံရသူများအား ခရီးစရိတ်၊ ဆေး ကုသစရိတ်နှင့် ကျွေးမွေးစရိတ်များ ထောက်ပံ့ပေးခြင်း၊ ဘဝပြန်လည်ထူထောင်နိုင် ရန်နှင့် ရပ်တည်နိုင်ရန်တို့အတွက် တစ်ဦးချင်းလိုအပ်ချက်များကို ထောက်ပံ့ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း။
  • လူကုန်ကူးခံရသူများအား မြဝတီ၊ မူဆယ်၊ ကော့သောင်း၊ မန္တလေး၊ ရန်ကုန် စသည့် မြို့များရှိ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများတွင် ယာယီလက်ခံ စောင့် ရှောက်ထားစဉ် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းထောက်ပံ့ပေးခြင်း၊ ကျန်းမာ ရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းတို့တွင် သက် ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

၂၀၂၃ ခုနှစ် ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး နေ့၏ ဆောင်ပုဒ်ဖြစ်သော လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ် စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ ဆိုသည့်အတိုင်း လူကုန်ကူးခံရသူ ဗဟိုပြု သည့် စုံစမ်းစစ်ဆေးခြင်းနှင့် လူကုန်ကူးခံရသူ ဟုတ်/ မဟုတ် စိစစ်ခြင်း၊ လူကုန်ကူး ခံရသူများအား အပြည့်အဝကာကွယ် စောင့်ရှောက်မှုပေးခြင်းတို့ဖြင့် လူကုန်ကူးမှုများ လျော့နည်းကျဆင်းစေရန် ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၉-၂၀၂၃)

 

  • လက်ရှိကာလတွင် ကမ္ဘာ့နိုင်ငံများက လူကုန်ကူးမှုများအား နိုင်ငံဖြတ်ကျော်မှုခင်း အမျိုးအစားတစ်ရပ်အဖြစ် လက်ခံထားကြပြီး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းအား ထုတ် တားဆီးကာကွယ်နေကြသော်လည်း ဖြစ်ပွားမှုမြင့်မားနေဆဲပင်ဖြစ်။
  • မြန်မာနိုင်ငံသည် Online ကို အသုံးပြု၍ လိမ်လည်မှုကျူးလွန်ရန်အလို့ငှာ အဓမ္မ စေခိုင်းမှုများကို လတ်တလော ရင်ဆိုင်ကြုံတွေ့နေရပြီး အခြားနိုင်ငံများမှ နိုင်ငံ သားများလည်း အဆိုပါဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ် နိုင်ရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိ။
  • ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် လူကုန်ကူးခံရသူများအား ခရီးစရိတ်၊ ဆေး ကုသစရိတ်နှင့် ကျွေးမွေးစရိတ်များ ထောက်ပံ့ပေးခြင်း၊ ဘဝပြန်လည်ထူထောင် နိုင်ရန်နှင့် ရပ်တည်နိုင်ရန်တို့အတွက် တစ်ဦးချင်းလိုအပ်ချက်များကို ထောက်ပံ့ ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိ။

Add new comment