နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် လားရှိုးမြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့သည် စက်တင်ဘာလ ၁၂ ရက်တွင် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက နိုင်ငံတော် အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကျုံးဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး ကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၉-၂၀၂၃)

 

  • တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက နိုင်ငံတော်အနေ ဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကျုံးဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့။

Add new comment