နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် လွိုင်ကော်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ် ဆေးခြင်း၊ ကယားပြည်နယ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
- လွိုင်ကော်မြို့မိုင်းလုံးရေစက်ရုံ၌ အဆင့်မြင့်တိုးချဲ့ဆောင်ရွက်နေသော တစ်နေ့လျှင် ရေဂါလန် ၂၅ သိန်း စစ်နိုင်သည့် (Slow Sand Fitter) အနှေးသဲရေ စစ်ကန် တည်ဆောက်နေမှုလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးခဲ့။
- လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ပန်းနံ့သာလမ်းကျောက်စီရေမြောင်း တည်ဆောက် ခြင်းနှင့် မိုင်းလုံးရွာဟောင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ခဲ့။
- ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမများ၌ ကျင်းပသည့် တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားများ သို့ တက်ရောက်အမှာစကားပြောကြားခဲ့။
- (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့။
- လွိုင်ကော်မြို့ ပြည်နယ်ဩဝါဒစရိယ သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာတော် အရှင်သူမြတ်ထံ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ကလျာဏထေရဝါသ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု များကို ကြည့်ရှုစစ်ဆေးကာ အလှူငွေများပေးအပ်လှူဒါန်းခဲ့။
- စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (ချိကယ်) သို့သွားရောက်၍ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့။
- ထေးသမရပ်ကွက်ရှိ မောဒူဒီးဘိုးဟိုးခန်းမဆောင်၌ ကေ့ထျိုးဘိုး ဂေါပကအဖွဲ့ဝင် များ၊ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ဒေသခံများနှင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၉-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် လွိုင်ကော်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံများ၏ တင်ပြချက် များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
Add new comment