နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဗန်းမော်မြို့နယ် အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုပြီး ဗန်းမော် တက္ကသိုလ် သင်ကြားရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
- ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် ကမ်းနားရှိပိုင်ရှင်ဦးရိုး၏ နေမင်းဆီစက်နှင့် ဗန်းမော်ပဲဆီသန့် ရောင်းဝယ်ရေးလုပ်ငန်း၌ တန် ၂၀ ကျဆီစက် လည်ပတ်ထုတ် လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။
- ဗန်းမော်မြို့ သာစည်ရပ်ကွက်အတွင်းရှိ ပိုင်ရှင်ဦးရီခမ်း၊ ဒေါ်အေးငင်းတို့၏ ဗန်းမော်ဒေသထွက် ချဉ်စော်ကားသီး ထုတ်လုပ်သည့် ရှမ်းမလေးယိုစုံနှင့် ဝိုင်လုပ် ငန်းဆောင်ရွက်နေသည့်နေရာ၌ ချဉ်စော်ကားသီးဖြင့် ယိုစုံထုတ်လုပ်နေမှုနှင့် အချဉ်ဖောက်၍ ဝိုင်ထုတ်လုပ်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။
- ဗန်းမော်မြို့ ဟန်းတဲရပ်ကွက်အတွင်းရှိ စိန်သုံးလုံးဆန်စက်၌ တန် ၆၀ ကျ ဆန်စက်နှင့် စပါးအခြောက်ခံစက်လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆိုပါရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက် ရှိသည့် နည်းပညာတက္ကသိုလ် အဝင်လမ်းအရှည်ပေ ၁၀၀၀၊ အကျယ် ၁၈ ပေရှိ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့။
- ဗန်းမော်မြို့ ရွှေပြည်သာရပ်ကွက်ရှိ စိန်သရဖူဆန်စက်၌ တန် ၁၀၀ ကျ စိန်သရဖူ ဆန်စက်လည်ပတ် ထုတ်လုပ်နိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့။
- ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည် နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်သူတစ်ဦးချင်းစီက အတူတကွဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့။
- ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမဆောင်၌ ဗန်းမော်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(ဗန်းမော်)၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာအထက်တန်းကျောင်း တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ် ရှားမှု အစီအစဉ်များ၊ သင်ကြားရေးဆိုင်ရာပြခန်းပြကွက်များနှင့် တက္ကသိုလ်အလိုက် လုပ်ငန်းဆောင်ရွက်မှု ပြခန်းငယ်များကို လိုက်လံကြည့်ရှုအားပေးခဲ့။
- ဗန်းမော်ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံကြီးကလေးဖျားနာကုသဆောင် အတွင်း တက်ရောက်ဆေးဝါးကုသမှုခံယူနေသော ကလေးငယ်များနှင့် မိခင်များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ထောက် ပံ့ငွေများနှင့် အာဟာရဖြစ်မုန့်များကို ထောက်ပံ့ပေးအပ်ခဲ့။
ကွင်းဆင်းစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ သည် ဗန်းမော်မြို့သည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းတို့ဖြင့် ဆက်သွယ်သွား လာနိုင်သည့် ဒေသဖြစ်သည့်အပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန် သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သဖြင့် MSME လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်စေခြင်းဖြင့် အချိန်တို အတွင်း တိုးတက်မှုမြန်ဆန်လာမည့် ဒေသတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၉-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ဗန်းမော်မြို့နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုပြီး ဗန်းမော်တက္ကသိုလ် သင်ကြားရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့။
- ဗန်းမော်မြို့သည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းတို့ဖြင့် ဆက်သွယ် သွားလာ နိုင်သည့် ဒေသဖြစ်သည့်အပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန် သွယ်မှုလုပ်ငန်း များ ဆောင်ရွက်နိုင်သဖြင့် MSME လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်စေခြင်းဖြင့် အချိန် တိုအတွင်း တိုးတက်မှုမြန်ဆန်လာမည့် ဒေသတစ်ခုဖြစ်လာနိုင်။
Add new comment