ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားများကို စက်တင်ဘာလ ၇ ရက်မှ ၁၂ ရက် အထိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
-
စက်တင်ဘာလ ၇ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၆၀ ဦးတို့က လည်းကောင်း။
-
စက်တင်ဘာလ ၁၁ ရက်တွင် နေပြည်တော်ကောင်စီရုံးမှ ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် အရာထမ်း၊ အမှုထမ်းများကလည်းကောင်း၊
-
စက်တင်ဘာလ ၁၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်း၊ အမှုထမ်း ၁၂၉ ဦးကလည်းကောင်း မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ် ဆန္ဒမဲပေးခဲ့။
-
စက်တင်ဘာလ ၁၂ ရက်အထိ ဝန်ကြီးဌာနအဖွဲ့အစည်း ၃၆ ခု၌ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၇၅၂၄ ဦးတို့မှ လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်။
အီလက်ထရွန်နစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မဲဆန္ဒရှင်များ အနေဖြင့် အချိန်တိုအတွင်း ရိုးရှင်းလွယ်ကူစွာ မဲပေးစက် အသုံးပြုမဲပေးနိုင်သည့်အတွက် မဲလက်မှတ်ရိုက်နှိပ်မှုကုန်ကျစရိတ်၊ မဲရုံသုံးပစ္စည်း ဝယ်ယူမှုကုန်ကျစရိတ်စသည့် သမားရိုးကျစရိတ်များအား လျှော့ချနိုင်ခြင်း၊ ယခင်အခြေအနေတွင် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်သည့် ပယ်မဲများမရှိနိုင်တော့သည့်အတွက် မဲဆန္ဒရှင်တို့၏ ဆန္ဒမဲများ အဟောသိကံဖြစ်မှုမရှိနိုင်တော့ခြင်း၊ မဲရလဒ်များကို အချိန်တိုအတွင်း သိရှိနိုင်ခြင်း၊ မဲလက်မှတ်များဖောင်းပွစွာ ရိုက်နှိပ်မှုကဲ့သို့သော မဲမသမာမှုများမရှိနိုင် တော့ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
အခမ်းအနားများသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၉-၂၀၂၃)
-
မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားများကို ဝန်ကြီးဌာန ၃ ခု၌ ကျင်းပပြုလုပ် ခဲ့ပြီး ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက မြန်မာအီလက်ထရွန်နစ်မဲပေး စက်(MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်ဆန္ဒမဲပေးခဲ့။
-
စက်တင်ဘာလ ၁၂ ရက်အထိ ဝန်ကြီးဌာနအဖွဲ့အစည်း ၃၆ ခု၌ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၇၅၂၄ ဦးတို့မှ လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက် ခဲ့ပြီးဖြစ်။
Add new comment