ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

        ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက် ဖြင့် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၁၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

  • စက်တင်ဘာလ ၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးခဲ့။
  • စက်တင်ဘာလ ၈ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် သတင်းအချက်အလက်စင်တာသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ နှင့် ဆောင်ရွက်ပုံနည်းလမ်းများကိုလည်းကောင်း၊
  • စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မော်စကိုမြို့နှင့် မော်စကိုဒေသတစ်ဝိုက်နှင့် ဒေသန္တရရွေးကောက်ပွဲမဲပေးနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုလေ့ လာခဲ့။

အဆိုပါ လေ့လာရေးခရီးစဉ်အတွင်း ရွေးကောက်ပွဲတွင် နည်းပညာအကူအညီ ရယူ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ ရုရှားနိုင်ငံ၏ ရွေး ကောက်ပွဲကျင်းပပုံနည်းလမ်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၉-၂၀၂၃)

 

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွား နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗဟို ရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးခဲ့။

Add new comment