လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃) ကျင်းပပြုလုပ်

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် စက်တင်ဘာလ ၁၁ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်း အဝေး (၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြားရာတွင်-

  • လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ချမှတ်ထား သော လုပ်ငန်းတာဝန် (၂၁) ရပ်အပြင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ စတုတ္ထ (၅) နှစ် စီမံကိန်း (၂၀၂၂-၂၀၂၆) ၏ ဒုတိယနှစ်ဖြစ်သည့် ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များတစ်ပြိုင်တည်း အကောင်အထည်ဖော်လျက်ရှိ ပါကြောင်း။
  • မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ လူမှုကွန်ရက်အပါအဝင် နည်းပညာများ ကို အလွဲသုံးပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးမှုများရှိနေပါ ကြောင်း။
  • လူကုန်ကူးမှုအပါအဝင် ပြစ်မှုကျူးလွန်သူများသည် Online မှတစ်ဆင့် ကျူးလွန် လာကြသည်ကို တွေ့မြင်နေရကြောင်း။
  • မြန်မာနိုင်ငံသည် Online ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြစ်စဉ်များတွင် အဓမ္မ စေခိုင်းမှုများကို လတ်တလောရင်ဆိုင်ကြုံတွေ့နေရပြီး အခြားနိုင်ငံသားများလည်း အဆိုပါဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ်နိုင်ရန် အလေး အနက်ထား ဆောင်ရွက်ရန်လိုကြောင်း။
  • မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက် လာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသော နိုင်ငံခြားသားများအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာသံရုံးများနှင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ဆက်သွယ်မှု လမ်းကြောင်းတို့မှ တစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့်ပတ်သက်၍လည်း ကယ်တင်ရရှိသူများ ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့ကြောင်း။
  • နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှု၊ အတင်းအဓမ္မစေ ခိုင်းမှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများနှင့်စပ်လျဉ်းပြီး ပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာအစည်းအဝေးတွင် သဘောတူညီမှုများအရ မြန်မာ-တရုတ်-ထိုင်း(၃) နိုင်ငံအကြားစစ်ဆင်ရေးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အခြေပြုဆောင်ရွက်ခဲ့ပြီး Online ငွေကြေးလိမ်လည်သည့်လုပ်ငန်း (Online Scam) လုပ်ကိုင်နေမှုများနှင့် ပတ်သက်ပြီး စစ်ဆေးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း။
  • ထို့ပြင် အင်တာပိုလ်(INTERPOL)နှင့် အာဖရိကရဲအဖွဲ့(AFRIPOL)တို့ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ် ငန်းစဉ် (Operation FLASH –WEKA)တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း။
  • ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ် ငန်းစဉ်များအပြင် လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းမည့်နည်းလမ်းများကို ထည့်သွင်း ရေးဆွဲသွားကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
  • မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံသစ်များကို တိုက်ဖျက် ရာ၌ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို အကောင်းဆုံးဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အဖွဲ့ဝင်များအနေဖြင့် အကျိုးရလဒ်များ ထွက် ပေါ်လာသည်အထိ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြော ကြားခဲ့။

အဆိုပါအစည်းအဝေးသို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သောဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ် စားလှယ်များ၊ Online မှ တစ်ဆင့် တက်ရောက်ကြသောအဖွဲ့ဝင်များ စုစုပေါင်း ၄၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၉-၂၀၂၃)

 

  • မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ လူမှုကွန်ရက်အပါအဝင် နည်းပညာများ ကို အလွဲသုံးပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးမှုများရှိနေ။
  • လူကုန်ကူးမှုအပါအဝင် ပြစ်မှုကျူးလွန်သူများသည် Online မှတစ်ဆင့် ကျူးလွန် လာကြသည်ကို တွေ့မြင်နေရ။
  • မြန်မာနိုင်ငံသည် Online ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြစ်စဉ်များတွင် အဓမ္မ စေခိုင်းမှုများကို လတ်တလောရင်ဆိုင်ကြုံတွေ့နေရပြီး အခြားနိုင်ငံသားများလည်း အဆိုပါဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ်နိုင်ရန် အလေး အနက်ထား ဆောင်ရွက်ရန်လို။
  • ထို့ပြင် အင်တာပိုလ်(INTERPOL)နှင့် အာဖရိကရဲအဖွဲ့(AFRIPOL)တို့ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ် ငန်းစဉ် (Operation FLASH –WEKA)တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့။

Add new comment