ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက် တင်ဘာလ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စီး ရေဝင်တိမ်းစောင်းမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသဖြင့် သွားရောက်၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ရာ ရန်ကုန်မြို့မှစစ်တွေမြို့သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည်အမည်ရှိ ကုန်တင် ရေယာဉ်အား တွေ့ရှိခဲ့ပါသည်။
အဆိုပါရေယာဉ်သည် ရာသီဥတုဆိုးရွားကာ လှိုင်းလေပြင်းထန်ခြင်းကြောင့် ရေယာဉ်ပေါ်တွင် တင်ဆောင်လာသော ဘိလပ်မြေအိတ် တန် ၄,၀၀၀ ခန့်မှာ ရွေ့လျား ၍ ရေယာဉ်တိမ်းစောင်းကာ စက်ခန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် တပ်မ တော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်လှေ၏စက်ခန်းအတွင်း ရေဝင်ရောက်မှု အား ရေစုပ်ထုတ်ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၉-၂၀၂၃)
- ဟိုင်းကြီးကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်တိမ်းစောင်းမှုဖြစ်ပွားခဲ့သည့် MV ရွှေအိမ်သည်အမည်ရှိ ကုန်တင်ရေယာဉ်တစ်စီးအား တပ်မတော်(ရေ)မှ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
Add new comment