နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်

       ကာဇက်စတန်သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E.Ms. Elvira Azimova ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင် ဘာလ ၇ ရက်မှ ၈ ရက်အထိ ကာဇက်စတန်သမ္မတနိုင်ငံ အက်စ်တာနာမြို့၌ “Constitutional Justice: Dignity, Freedom and Justice for All” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းကို မြှင့်တင်ရာ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ထိန်းကျောင်းမှုအခန်းကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရာတွင် ထိရောက်သော ဖွဲ့စည်းပုံအခြေခံဥပဒေထိန်းကျောင်းမှု များ၊ နိုင်ငံသားများ၏ တရားမျှတမှုနှင့် တန်းတူအခွင့်အရေးများရရှိစေရေး၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်ခြင်းကို မြှင့်တင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ထိန်း ကျောင်းမှုနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေရှုထောင့်အမြင်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားစီရင်ရေးအတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ ပါသည်။

 ဆွေးနွေးပွဲသို့ ကာဇက်စတန်သမ္မတနိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီ ရင်ရေးမဏ္ဍိုင်တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံပေါင်း (၁၉) နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး၊ ခုံရုံး၊ တရားလွှတ်တော်ချုပ်တို့မှ ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်မင်းကြီးများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဗင်းနစ်ကော်မရှင် နှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များနှင့် အခြားဖိတ်ကြားထားသည့်နိုင်ငံများမှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းနှင့်အတူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရူပါဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၉-၂၀၂၃)

 

  • နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ အက်စ်တာနာမြို့၌ “Consti- tutional Justice: Dignity, Freedom and Justice for All” ခေါင်းစဉ်ဖြင့် ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့။
  • ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရာတွင် ထိရောက် သော ဖွဲ့စည်းပုံအခြေခံဥပဒေထိန်းကျောင်းမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးအတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment