ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် (၁၈) ကြိမ်မြောက် “ကမ္ဘာ့ရေ ညီလာခံ” တို့သို့ တက်ရောက်ခဲ့ပါသည်။
- စက်တင်ဘာလ ၁၀ ရက်တွင် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ဖွင့်ပွဲအခမ်းအနား၌ ဒုတိယဝန် ကြီးက မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက ဖိုရမ်၏ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲနှစ်ခုသို့ တက်ရောက်ဆွေးနွေးခဲ့။
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ တန်ရူဗင်နှင့်သီးခြားတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍဆိုင် ရာ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်စီစဉ်ရေး၊ မဲခေါင်-လန်ချန်း ရေအရင်း အမြစ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေ သွားရေးနှင့် နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍ၌ နီးကပ်စွာပူးပေါင်းဆောင် ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့။
- စက်တင်ဘာလ ၁၁ ရက်တွင် (၁၈) ကြိမ်မြောက် “ကမ္ဘာ့ရေညီလာခံ” အခမ်း အနား၌ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညီလာခံသို့ တက်ရောက်လာကြသည့် အဆင့်မြင့်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ရေအရင်းအမြစ်ပူးပေါင်း ဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- မွန်းလွဲပိုင်းတွင် ပေကျင်းမြို့၊ မီယွန်ခရိုင်၊ ဟိုင်ရှန်စီကျေးရွာရှိ အသေးစား ရေဝေရေလဲ ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်းနှင့် မီယွန်ရေလှောင်တမံသို့ ကိုယ်စား လှယ်အဖွဲ့များနှင့်အတူ သွားရောက်လေ့လာခဲ့။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များနှင့်အတူ ကမ္ဘာ့ရေ ညီလာခံ၏ ဂုဏ်ပြုဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၉-၂၀၂၃)
- ဒုတိယဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် (၁၈) ကြိမ်မြောက် “ကမ္ဘာ့ရေ ညီလာခံ” တို့သို့ တက်ရောက်ခဲ့။
Add new comment