နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်း ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ စက်တင်ဘာလ ၁၀ ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကုန်းမြင့်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှင်းလင်းဆောင်၌ တိုင်းမှူးက ကုန်းမြင့်(၁) စိုက်ပျိုးမွေးမြူရေးစခန်း၌ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ နေကြာ၊ နေဗီယာမြက်၊ မုံပါးစားမြက်နှင့် တစ်သျှူးငှက်ပျောတို့ကို စိုက်ပျိုးထားရှိမှု၊ ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှု၊ ဖရီရှန်နို့စားနွား၊ ဘရာမင် အသားစားနွား၊ ဒေသနွား(နွားပြာစိမ်း)၊ ဆိတ်၊ DYL ဝက်နှင့် ငါး၊ ဥစားကြက်နှင့် အသားစားကြက်များ မွေးမြူဆောင်ရွက်လျက်ရှိမှု၊ တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အသား၊ ငါး၊ နို့နှင့် ဥများကို တပ်မတော်သား မိသာစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှု၊ တိုင်းစစ်ဌာန ချုပ် တိရစ္ဆာန်အစာစပ်လုပ်ငန်းမှ ကြက်စာနှင့် ဝက်စာများထုတ်လုပ်လျက်ရှိမှုနှင့် ပိုလျှံသည်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က-

  • စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဧကချင်းအထွက်နှုန်းများ တိုး တက်စေရေး အခြေခံအချက်များဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်များကို စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း။
  • နေကြာစိုက်ပျိုးမှုကိုလည်း စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်းများ ယခုထက်တိုး တက်အောင် ဆောင်ရွက်ရန်လိုပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် စံပြ အဖြစ် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း။
  • တစ်သျှူးငှက်ပျောများကို တပ်ရင်းတပ်ဖွဲ့များ၌သာမက ဒေသဌာနဆိုင်ရာများ နှင့် ဒေသခံပြည်သူများပါ စိုက်ပျိုးနိုင်ရန်အတွက် တစ်သျှူးငှက်ပျောမျိုးများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချဆောင်ရွက်ပေးရန်လိုကြောင်း။
  • မွေးမြူရေးနှင့်ပတ်သက်၍ နို့စားနွား၊ အသားစားနွား၊ ဒေသနွား၊ DYL ဝက်၊ ဥစားကြက်၊ အသားစားကြက်နှင့် ငါးများကို စနစ်တကျဖြင့် အောင်မြင်ဖြစ်ထွန်း အောင် မွေးမြူရန်လိုကြောင်း။
  • ထွက်ရှိလာသည့်အသား၊ ငါးနှင့်ဥများကို တပ်မတော်သားမိသားစုဝင်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသကဲ့သို့ ပိုလျှံသည့်အသား၊ ငါးနှင့် ဥ များကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုကို ရောင်းချပေးခြင်း ဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် အောင်ဆောင်ရွက်၍ ဒေသတွင်း၌ စံပြဖြစ်အောင် ဆောင်ရွက်သွားရန်လို ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နို့စားနွား၊ အသားစားနွားနှင့် ဒေသနွားများမွေးမြူထားရှိမှု၊ DYL ဝက်များမွေးမြူထားရှိမှုနှင့် တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းအတွင်း လှည့် လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၃)

 

  • စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက် စေရေး အခြေခံအချက်များဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်များကို စနစ် တကျဖြင့်ဆောင်ရွက်ရန်လို။
  • နေကြာစိုက်ပျိုးမှုကိုလည်း စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်းများ ယခုထက်တိုး တက်အောင် ဆောင်ရွက်ရန်လိုပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် စံပြအဖြစ် အောင်မြင်အောင် ဆောင်ရွက်ရန်လို။
  • ပိုလျှံသည့်အသား၊ ငါးနှင့် ဥများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ လူထုကို ရောင်းချပေးခြင်းဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်။

Add new comment