နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၇ ရက်မှ ၁၀ ရက်အထိ မြစ်ကြီး နားမြို့သို့ သွားရောက်၍ လူထုတွေ့ဆုံပွဲများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူများ၊ ဘာသာရေးခေါင်းဆောင်များအား တွေ့ဆုံ ကြည့်ရှု၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ပြည် နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
- ကချင်ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လွတ်လပ် ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ မိမိတို့ပြည်သူတစ်ရပ် လုံးက အတူတကွ ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း။
- မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပသည့် ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲတွင် ယနေ့လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က မြှင့်တင်ဆောင်ရွက် ပေးနေသကဲ့သို့ ဆရာ၊ ဆရာမများအနေဖြင့်လည်း ၎င်းတို့၏ဘဝတစ်လျှောက်လုံး တွင် အမှန်နှင့်အမှားကို ကျိုးကြောင်းမှန်ကန်စွာ စဉ်းစားဆင်ခြင်မှုအားကောင်းသည့် လူငယ်များဖြစ်လာစေရန် လေ့ကျင့်မွေးထုတ်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့။
- မြစ်ကြီးနားတက္ကသိုလ် လူငယ်သီတင်းပတ် (Youth Fair Week) ဗလငါးတန်ဖွံ့ ဖြိုးရေးလှုပ်ရှားမှုများ (လူငယ်နှင့်မိတ္တဗလ) အစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပြု လုပ်သည့် မောင်နှမဆောင်များ မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ညစာကို အတူတကွ သုံး ဆောင်ခဲ့။
- မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ဈေး၌ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေး ပြင်ပပေါက်ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။
- အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် နိုင်ငံ တကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား ၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ပညာရေးဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ပညာရေးကဏ္ဍနှင့် လူငယ်ကဏ္ဍ တိုးတက်မြင့်မားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မှာကြားခဲ့။
- မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတားနှင့် ဗလ မင်းထင်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
- ဝိုင်းမော်မြို့နယ်၊ တန်ဘောင်ကျေးရွာအတွင်း ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ KEP Logistics Co.,Ltd သို့ သွား ရောက်၍ ဝိုင်းမော်-ကံပိုင်တည် နယ်စပ်ဂိတ်သွားလမ်း အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရေး၊ နယ်စပ်ကုန်စည်စီးဆင်းမှုများ ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကုန်တင်ကုန်ချဝင်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများ ကို ကြည့်ရှုစစ်ဆေးခဲ့။
- မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည် ပံ့ပိုးပေးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ငန်း သမဝါယမအသင်းလီမိတက်၌ ပျော့ဖတ်စက်အသစ်လည်ပတ်နေမှုနှင့် စက်ရုံထုတ် ကုန်ကြမ်းများ ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့။
- မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း မိုးစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု၊ တောင်သူများ၏ မိုးစပါးကြဲပက်နေမှုကို ကြည့်ရှု အားပေးခဲ့။
- မြစ်ကြီးနားမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးဝါးကုသ မှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့် အာဟာရဖြစ် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့။
- ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု ၁၂ စုမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များနှင့် တွေ့ဆုံ၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် အဓိကဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူ ရေးလုပ်ငန်းစဉ်တွင် မိမိတို့တိုင်းရင်းသားအားလုံးပါဝင်ကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း ပြောကြားခဲ့။
- မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ဒေသတွင်း အသေးစား၊ အလတ်စားနှင့် အငယ်စား(MSME) စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့။
- မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကသီဒြယ် ကတ်သလစ် အသင်းတော်ဘုရားကျောင်း၌ ခရစ်ယာန်အသင်းတော်အသီးသီးမှ ဘုန်းတော်ကြီး များ၊ သိက္ခာတော်ရဆရာများနှင့် တွေ့ဆုံ၍ အလှူငွေများနှင့် လက်ဆောင်ခြင်းများ ပေးအပ်လှူဒါန်းခဲ့။
- မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာ တော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေနှင့် ဆန် (၂၇) အိတ်၊ ဆီ ၁၀ ပုံးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ ကျောင်းသား၊ ကျောင်း သူများ၊ ကလေးငယ်များနှင့် တွေ့ဆုံ၍ ဆန်းဖိုးငွေ၊ စားစရိတ်အပြင် ဂေဟာမှူးလစာ တို့အတွက် စုစုပေါင်းငွေကျပ် ၅,၃၅၈,၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့။
- ပြည်နယ်အတွင်းရှိ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးကာ ဆုရအသင်းနှင့် အသင်းသားများအား ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့။
တွေ့ဆုံပွဲများသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား စာပေနှင့်ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ နည်းပြဆရာ၊ဆရာမများ၊ ပညာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် မြစ်ကြီးနားမြို့ လူထု တွေ့ဆုံပွဲသို့ တက်ရောက်၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့် ဆည်းပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အလေး ထားဆောင်ရွက်လျက်ရှိရာ မိမိတို့ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစား ဆောင်ရွက်ကြရန်လို။
Add new comment