နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ သထုံမြို့နယ်အတွင်းရှိ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘားအံ့မြို့နှင့် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

  • ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားဗိမာန်တော် တည်ဆောက်နိုင်ရေး အတွက် အလှူငွေကျပ်သိန်း ၂၀ ကို ပေးအပ်လှူဒါန်းခဲ့။
  • သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယဆရာတော် အားဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့။
  • ကရင်ဝင်းစိန်ကျေးရွာ၊ ကရင်စာပေယဉ်ကျေးမှုခန်းမ၌ ကရင်တိုင်းရင်းသား ပြည် သူများနှင့်တွေ့ဆုံပြီးနောက် ကရင်ဝင်းစိန်တောင်ပေါ်ကြီး ကျောင်းတိုက်ဆရာတော် နှင့် မော်လမြိုင်မြို့ မြစေတီစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော်တို့အား အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့။
  • ဘားအံမြို့၌ ကျင်းပသည့် မိုးစပါးစိုက်တောင်သူများအား မြေဩဇာထောက်ပံ့ပေး အပ်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၏လိုအပ်ချက်၊ တောင်သူလယ်သမားများ၏ လိုအပ် ချက်များကိုရှေးရှုပြီး အဘက်ဘက်မှ အားပေးကူညီသွားမည်ဖြစ်သည့်အပြင် တောင် သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများ ကို အစဉ်တစိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
  • ထို့နောက် တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ၊ ဘားကပ်၊ မြိုင်ကလေး၊ ကော့ထမလိန်း၊ ကော့လှိုက်၊ ရသေ့ပျံ၊ တော်ပုံကျေးရွာတို့မှ မိုးစပါးစိုက်တောင်သူများကို ယူရီးယား ဓာတ်မြေဩဇာအိတ် ၁၀၀ နှင့် သဘာဝမြေဩဇာအိတ် ၁၀၀ တို့ကို ထောက်ပံ့ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ခဲ့။
  • ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် သဘောထား တို့ကို ရှင်းလင်းပြောကြားကာ ကရင်တိုင်းရင်းသားရိုးရာ ဒုံးအကဖျော်ဖြေရေးအဖွဲ့ ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့။
  • ဒေသခံပအိုဝ်းတိုင်းရင်းသားများနှင့် မဲဘောင်ကျောင်းတိုက်၌တွေ့ဆုံ၍ ငြိမ်းချမ်း ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စားဝတ်နေရေး၊ ပအိုဝ်းတိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းမြစ်များ​ဖြင့် နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်ရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြော​ကြားခဲ့။
  • လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေးကိုမျှော်မှန်းသည့် ဆန္ဒသဘောထားများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားခဲ့။
  • လှိုင်းဘွဲမြို့နယ် ထီလုံအနောက်ကျောင်းတိုက်၌ ပအိုဝ်းတိုင်းရင်းသားများနှင့် တွေ့ ဆုံ၍ ပအိုဝ်းတိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံအကျိုး၊ ဒေသအကျိုး သယ်ပိုးဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် နိုင်ငံတော်မှ ဆောင်ရွက် ပေးလျက်ရှိသော ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့။
  • လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များအား သွားရောက်ဖူးမြော် ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထား တင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့။

              တွေ့ဆုံပွဲများသို့ ဝန်ကြီးချုပ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးနှင့် ဘာသာရေး အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၉-၂၀၂၃)

 

  • နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူ များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုများအပေါ် တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ အားပေးကူညီ သွားမည့်အပြင် တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်။

Add new comment