ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၄)ဖြင့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ” ကို ၂၀၂၄ ခုနှစ် မတ်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့်အချက်များတွင်-
-
“ရက်ပေါင်း ၁၈၀” ဆိုသည့်စကားရပ်များကို “ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ်များဖြင့်လည်းကောင်း၊
-
“မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်” ဆိုသည့်စကားရပ်များကို “မြို့နယ်အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံ” ဆိုသည့် စကားရပ်များဖြင့်လည်းကောင်း၊
-
ပါတီတစ်ခုသည် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခံရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်ဟူ၍လည်းကောင်း၊
-
မိမိ၏ နှစ်စဉ်ငွေစာရင်းရှင်းတမ်းကို နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး နောက်သုံးလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်ထားရှိရမည်ဟူ၍ လည်းကောင်း၊
-
ပါတီရန်ပုံငွေကို ကော်မရှင်က ထုတ်ပြန်သည့်အမိန့် သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ သုံးစွဲရမည်ဟူ၍လည်းကောင်း၊
-
“ရက်ပေါင်း ၉၀ ပြည့်သည့်နေ့ရက်ထက် နောက်မကျစေဘဲ” ဆိုသည့်စကားရပ်ကို “ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်ထက်နောက် မကျစေဘဲ” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊
-
“ပါတီဝင်ဦးရေ ၁၀၀,၀၀၀” ဆိုသည့်စကားရပ်ကို “ပါတီဝင်ဦးရေ ၅၀,၀၀၀” ဆို သည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်ဖြစ်ကြောင်း ပြင်ဆင်ထားရှိပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ၏တင်ပြချက်များအပေါ်မူတည်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေကို ပြင်ဆင်ပေးလျက်ရှိကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၃-၂၀၂၄)
-
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာခဲ့။
Add new comment