နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်

       နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်၍ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။

  • ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်မှ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၁,၉၆၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၈ ဦး၊ ထိုင်းနိုင်ငံသား ၉၃ ဦး၊ အိန္ဒိယနိုင်ငံသား ၃၃ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦးတို့အပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၂,၂၀၁ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့။
  • ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦးအပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၅၂,၈၂၀ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင် လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၃-၂၀၂၄)

 

  • ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ရက်အထိ တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦးအပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၅၂,၈၂၀ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့။

Add new comment