ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် စက်သုံးဆီ ၃.၈၁၀ တန် ခန့်မှန်းတန်ဖိုးကျပ် ၁၂ သန်းနှင့် မကွေးတိုင်းဒေသကြီးတွင် စက်သုံးဆီ ၁၀.၄၆၄ တန်၊ ခန့်မှန်းတန်ဖိုးကျပ် ၃၅.၉၉၂ သန်း၊ စုစုပေါင်းစက်သုံးဆီ ၁၄.၂၇၄ တန်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် ၄၇.၉၉၂ သန်း ဖမ်းဆီးရမိခဲ့ကြောင်း။
- စက်သုံးဆီဆိုင်များနှင့်ပတ်သက်ပြီး အဆင်ပြေချောမွေ့စွာ ရောင်းချနေမှုများအား အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ Terminal များနှင့် စက်သုံးဆီအရောင်းဆိုင်များအား CCTV Link ချိတ်ဆက်ပြီးစီးမှု အနေဖြင့် စုစုပေါင်း Terminal (8) ခုနှင့် စက်သုံးဆီဆိုင် ၅၉၁ ဆိုင်အား ချိတ်ဆက်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
- ဆီဘောက်ဆာယဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေများကိုလည်း အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရန်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ Toll Gate များတွင်လည်း CCTV Camera များ တပ်ဆင်ပြီးစီးမှု အနေနှင့် Toll Gate ပေါင်း ၅၂ ခုနှင့် CCTV အရေအတွက် ၅၄၂ ခု တပ်ဆင်ပြီး ဖြစ်ပါကြောင်း။
- အများပြည်သူများအနေဖြင့် Online အသုံးပြုပြီး နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်များမှ လိုအပ်သည့် စက်သုံးဆီအမျိုးအစားကို ရောင်းဈေးနှုန်းသိရှိပြီး လိုအပ်သလောက် အလွယ်တကူဝယ်ယူနိုင်မယ့် Software Application တစ်ခုအား ရေးဆွဲပြီးဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးနယ်နိမိတ်တွင်ရှိသည့် စက်သုံးဆီအရောင်းဆိုင် ၃၀၀ ကျော် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
- စားသုံးဆီများကိုနေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လိုအပ်ချက်များကို စိစစ်၍ စနစ်တကျဖြန့်ခွဲပေးလျက်ရှိပြီး ဈေးကွက်/ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
- ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုအနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ ၁,၃၀၁ ခုမှ အမေရိကန်ဒေါ်လာ ၂၈၃.၃၆ သန်း၊ တရုတ်ယွမ် ၃၂၁. ၈၀ သန်းနှင့် ထိုင်းဘတ် ၈၇၆.၁၅ သန်း ဝင်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း။
- ကာလတူဖြစ်သော ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ ကုမ္ပဏီ ၂၁၅ ခုမှ အမေရိကန်ဒေါ်လာ ၄၅.၁၄ သန်း၊ တရုတ်ယွမ် ၁၀၉ သန်းနှင့် ထိုင်းဘတ် ၁၈၇.၆၇ သန်းသာ ဝင်ရောက်ခဲ့သဖြင့် ကာလတူထက် ကုမ္ပဏီ ၁,၀၈၆ ခုမှ အမေရိကန် ဒေါ်လာ ၂၃၈.၂၂ သန်း၊ တရုတ်ယွမ် ၂၁၂.၈၀ သန်းနှင့် ထိုင်းဘတ် ၆၈၈. ၄၈ သန်း ပိုမိုဝင်ရောက်ခဲ့။
- သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မကုန်မီ လျာထားချက်ပြည့်မီအောင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
- ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၃-၂၀၂၄)
- စက်သုံးဆီ Terminal များနှင့် စက်သုံးဆီအရောင်းဆိုင်များအား CCTV Link ချိတ်ဆက်ပြီးစီးမှုအနေဖြင့် စုစုပေါင်း Terminal (8) ခုနှင့် စက်သုံးဆီဆိုင် ၅၉၁ ဆိုင်အား ချိတ်ဆက်ဆောင်ရွက်ပြီးဖြစ်။
- အများပြည်သူများအနေဖြင့် Online အသုံးပြုပြီး နီးစပ်ရာစက်သုံးဆီအရောင်း ဆိုင်များမှ လိုအပ်သည့် စက်သုံးဆီအမျိုးအစားကို ရောင်းဈေးနှုန်းသိရှိပြီး လိုအပ်သလောက် အလွယ်တကူဝယ်ယူနိုင်မယ့် Software Application တစ်ခုအား ရေးဆွဲပြီးဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ်တွင်ရှိသည့် စက်သုံးဆီအရောင်းဆိုင် ၃၀၀ ကျော် အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ။
- ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုအနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ ၁,၃၀၁ ခုမှ အမေရိကန်ဒေါ်လာ ၂၈၃.၃၆ သန်း၊ တရုတ်ယွမ် ၃၂၁. ၈၀ သန်းနှင့် ထိုင်းဘတ် ၈၇၆.၁၅ သန်း ဝင်ရောက်ခဲ့ပြီးဖြစ်။
- ကာလတူဖြစ်သော ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ ၂၁၅ ခုမှ အမေရိကန်ဒေါ်လာ ၄၅.၁၄ သန်း၊ တရုတ်ယွမ် ၁၀၉ သန်းနှင့် ထိုင်းဘတ် ၁၈၇.၆၇ သန်းသာ ဝင်ရောက်ခဲ့သဖြင့် ကာလတူထက် ကုမ္ပဏီ ၁,၀၈၆ ခုမှ အမေရိကန်ဒေါ်လာ ၂၃၈.၂၂ သန်း၊ တရုတ်ယွမ် ၂၁၂.၈၀ သန်းနှင့် ထိုင်းဘတ် ၆၈၈. ၄၈ သန်း ပိုမိုဝင်ရောက်ခဲ့။
Add new comment