တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

         တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော တန့်ဆည်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများက    ကံထူးမကျေးရွာရှိ နယ်မြေရဲစခန်းကို လာရောက်တိုက်ခိုက်ခဲ့ပြီး ကျေးရွာရှိ နေအိမ်များနှင့် နယ်မြေရဲစခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် အဆိုပါမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နှောင့်ယှက်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲခံရသော လူငယ် ၄၀၀ ကျော်ကို ရမည်းသင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ စစ်သင်တန်းတက်ရောက်ရန် ပို့ဆောင်ခဲ့ဟူသည့်သတင်းသည် ကောလာဟလ သတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခဲ့ခြင်းမရှိကြောင်းနှင့် အကြမ်းဖက်အားပေးသူများက မိဘပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက လူမှုကွန်ရက်များပေါ်တွင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းအတု၊ သတင်းအမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၃-၂၀၂၄)

 

  • တန့်ဆည်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များအား လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နှောင့်ယှက်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့။
  • နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲခံရသော လူငယ် ၄၀၀ ကျော်ကို ရမည်းသင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ စစ်သင်တန်းတက်ရောက်ရန် ပို့ဆောင်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခဲ့ခြင်းမရှိ။

Add new comment